spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းTNLA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲ ရလဒ်မထွက်

    TNLA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲ ရလဒ်မထွက်

    -

    တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ဖြစ်ပေါ်လာသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ ရလဒ်တစ်စုံတစ်ရာမထွက်ခဲ့ကြောင်း TNLA သတင်းရင်းမြစ်ထံမှ သိရသည်။

    TNLA မှ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ အမှတ်(၁) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က နယ်မြေ ပြန်ပေးရေးကိုသာ အဓိကထား ဆွေးနွေးခဲ့သည့် ရလဒ်တစ်စုံတစ်ရာ မထွက်ခဲ့ကြောင်း TNLA သတင်းရင်းမြစ်ထံမှ သိရသည်။

    “နယ်မြေပြန်ပေးဖို့ အဓိကပြောကြတာ။ ကျွန်တော်တို့ဘက်ကလည်း တအာင်းပြည်နယ်ဖြစ်ဖို့ တင်ပြရတာပေါ့။ သူတို့ဘက်ကလည်း နယ်မြေပြန်ပေးဖို့။ ဒါပေမဲ့ အဖြေမရခဲ့ပါဘူး” ဟု TNLA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    တရုတ်တွင် TNLA နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးနေချိန်စဉ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က TNLA ထိန်းချုပ်ထားသည့် သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်၊ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ အပါအဝင် ကျေးရွာ ၄ ရွာထက်မနည်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    ဆွေးနွေးပွဲစတင်သည့်နေ့ကတည်းကပင် TNLA ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က စစ်ကောင်စီအနေဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် သဘောတူညီချက် ရရှိပြီးဖြစ်သည့်အတွက် အပေါ်စီးကနေ ဆွေးနွေးနိုင်သလို အောက်ခြေတွင်လည်း ထိုးစစ်များ ပိုတိုးလာကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

    “ဆွေးနွေးပွဲက ဒီတကျော့ထဲနဲတော့အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကြားထဲမှာတော့ ထုံးစံအတိုင်းပဲ တရုတ်က သူတို့လိုချင်တဲ့ ပုံစံနဲ့ ထုတ်ပြန်လာမယ်လို့ အရှေ့က MNDAA လမ်းစဉ်အတိုင်းပဲလာမယ်လို့တော့ ထင်တယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

    တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့် စစ်ကောင်စီတို့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြသည်။

    လာမည့်မတ်လတွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား တွေ့ဆုံဆွေးနွေးပွဲတစ်ခုဖြစ်လာစေရန် တရုတ်ဘက်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks