spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၇၇၀၀၀ ကျော်အထိရှိလာ

    တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၇၇၀၀၀ ကျော်အထိရှိလာ

    -

    တနင်္သာရီတိုင်းတွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီလအထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇၇၂၀၀ ကျော်အထိရှိလာကြောင်း FE 5 Tanintharyi ၏အချက်အလက်များအရသိရသည်။

    စစ်ကောင်စီ၏ ကုန်သွယ်ရေးလမ်းမကြီးများ၊ ရေနက်ဆိပ်ကမ်းနယ်မြေရှင်းလင်းရန်နှင့် စစ်ကြောင်းထိုး ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားသည့်အပြင်၊ နေအိမ်မီးရှို့မှုနှင့် အရပ်သားဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုပိုများလာခဲ့သည်။

    ယခုနှစ်ဇန်နဝါရီတစ်လအတွင်း စစ်ရှောင် ၁ သောင်းကျော်တိုးလာနေကြောင်း ၊ စစ်ကောင်စီ တပ်စခန်း အသိမ်းခံရသည့် နယ်မြေထဲတွင် ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်ခြင်းနှင့် လက်နက်ကြီး ပစ်ကူမှုများကြောင့် စစ်ရှောင်ရသည်ဟု ထားဝယ်ခရိုင်သပိတ်ကော်မတီ တာဝန်ခံကိုမင်းလွင်ဦးကပြောသည်။

    “၂၀၂၅ အစောပိုင်းမှာဆိုစစ်တပ်က ပွင့်လင်းရာသီအစပိုင်းမှာဆို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်လာတယ်၊ နောက်ပြီးရေကြောင်းနဲ့နီးရင်လည်းရေကြောင်းနဲ့တိုက်ခိုက်တာမျိုးတွေ၊ လက်နက်ကြီး ပစ်ကူတဲ့ဟာမျိုးတွေလုပ်တယ်၊ သူတို့တပ်စခန်းသိမ်းခံရရင် အဲ့နယ်မြေကိုစစ်ကြောင်းထိုးရင်စစ်ရှောင်ရတယ် စစ်ရှောင်တိုးလာရတယ်”ဟု၎င်းကပြောသည်။

    လက်ရှိတွင် မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားမှု၊ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုများကြောင့်နေရပ်စွန့်ခွာခဲ့ရသူ အများဆုံးရှိခဲ့ပြီး ၃၉၉၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

    တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်နှင့် ကျေးရွာတိုင်းတို့တွင် စစ်ဘေးပဋိပက္ခနှင့် စစ်မှူးထမ်းဘေးရှောင်နေရသည့်အပြင် စစ်ကောင်စီတို့၏ လူငယ်ပြန်ပေးဆွဲအတင်းအဓမ္မ စစ်ထဲသွပ်သွင်းနေမှုဖြစ်စဉ်သည်လည်း လစဉ်မြင့်မားနေဆဲဟုလည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ပရိုဂရမ်ဒါရိုက်တာနိုင်အဲမွန်ကပြောသည်။

    “လက်ရှိမှာ HUROFM ရတဲ့စာရင်းအရဆို ၃ သောင်းကျော်ရှိတယ်၊ အခုအခြေ အနေကတော့ ရွာတိုင်းနီးပါး နယ်တိုင်း မြို့တိုင်းနီးပါးမှာ စစ်ဘေးရှောင်တာနဲ့ လူငယ်တွေ စစ်မှုထမ်း ဘေးရှောင် ရတာက ထက်ဝက်စီလောက် ရှိတယ်။ လူငယ်တွေ ရတဲ့နည်းနဲ့ ထိုင်းနယ်စပ်နဲ့ နီးတဲ့ ဒေသတွေမှာ ခိုလှုံထွက် ပြေးကြတယ်။ ထိုင်းဘက်က လည်း နယ်စပ်တင်းကြပ်ထားတော့ အရင်လို ဝင်လို့မလွယ်တော့။ ဒါကြောင့်မို့လို့ စစ်ဘေးပဋိပက္ခနဲ့ စကစတို့ရဲ့ လူငယ်တွေကို ပြန်ပေးဆွဲ အတင်းအဓမ္မ စစ်ထဲသွပ်သွင်းနေမှုကနေ ထွက်ပြေး နေရတဲ့ အခြေအနေတွေကို ဒီလအထိ မြင့်မားစွာရှိနေဆဲပဲ”ဟု၎င်းကပြောသည်။

    ထို့ပြင်ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ထက်မနည်းလုပ်ဆောင်ခဲ့ပြီး၊ ဒရုန်ဖြင့်ဗုံးချတိုက်ခိုက်မှုများကိုလုပ်ဆောင်ခဲ့သည်ဟုအစီအရင်ခံစာများအရသိရသည်။

    တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ၆၅၀၀၀ အထိရှိခဲ့ရာမှ ၂၀၂၅ ဇန်နဝါရီလအတွင်း ၇၇၂၀၀ အထိတိုးလာသည်။

    တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုထဲရှိ တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့်ကျေးရွာ ၂ ရွာတွင် ဒေသခံများဝမ်းလျှောဝမ်းပျက်ရောဂါခံစားနေရကြောင်း စစ်ရှောင်ကူညီပေးနေသူထံမှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks