Wednesday, April 22, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးနိုင်ဟု TNLA ဒုစစ်ဦးစီးချုပ်ပြော

    စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးနိုင်ဟု TNLA ဒုစစ်ဦးစီးချုပ်ပြော

    -

    တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) မှာ စစ်ကောင်စီ နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ ဆွေးနွေးမှုတွင် စစ်ကောင်စီဖက်က အပေါ်စီးကနေ ဆွေးနွေးနိုင်သည်ဟု TNLA ဒုတိယစစ်ဦးစီချုပ် တာဘုန်းကျော်က ပြောသည်။

    စစ်ကောင်စီအနေဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် သဘောတူညီချက် ရရှိပြီးဖြစ်သည့်အတွက် အပေါ်စီးကနေ ဆွေးနွေးနိုင်သလို အောက်ခြေတွင်လည်း ထိုးစစ်များ ပိုတိုးလာကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

    တာဘုန်းကျော်က “MNDAAနဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ နစကဟာ အပေါ်စီးကနေ ဆွေးနွေးမဲ့ သဘောဆောင်ပါတယ်။ အောက်ခြေမှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဖက် ထိုးစစ်တွေ ပိုတိုးလာတယ်။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေ ချချင်သလို ဖောဖောသီသီ ချနေတယ်။ တရုတ် စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါ။ အရင်းနှီးကတော့ နေ့စဉ်နှင့်အမျှ ကြီးနေဆဲ” ဟု ရေးသားခဲ့သည်။

    ယနေ့ တွေ့ဆုံဆွေးနွေးမှုတွင် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေး ဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ယောက် ဆွေးနွေးမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီဖက်က ယခင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖြင့် ဆွေးနွေးခဲ့သော ကစထ (၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်ပြီး TNLA နှင့် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်း သိရသည်။

    TNLA နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံကို ရောက်ရှိနေချိန်တွင် TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၅ ရက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး နှင့် Y-12 လေယာဥ်ကို အသုံးပြုကာ ဗုံး ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့ (TNLA-AA-MNDAA) တို့ ဖော်ဆောင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တွင် မြို့အများအပြားကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီ နှင့် ညီနောင် မဟာမိတ်တို့ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်ရှိ ဖြစ်ပွားနေသော စစ်ရေးပြဿနာများ ပြေလည်နိုင်ရန် ဖေဖော်ဝါရီ ၁၆ ရက်မှာ စစ်ကောင်စီ နှင့် တွေ့ဆုံမှာ ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks