spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းအွန်လိုင်းကျားဖြန့်ကိစ္စ စစ်ဆေးတင်းကြပ်ထားမှုကြောင့် တရားမဝင်မြန်မာလုပ်သားတို့ ဘုရားသုံးဆူနယ်စပ်တွင်စုပြုံနေ

    အွန်လိုင်းကျားဖြန့်ကိစ္စ စစ်ဆေးတင်းကြပ်ထားမှုကြောင့် တရားမဝင်မြန်မာလုပ်သားတို့ ဘုရားသုံးဆူနယ်စပ်တွင်စုပြုံနေ

    -

    တရုတ်အွန်လိုင်းကျားဖြန့်ကိစ္စကြောင့် ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးတင်းကြပ်ပြီး လျှပ်စစ်မီးဖြတ်တောက်ခံထားရသည့် ဘုရားသုံးဆူမြို့အနှံ့တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်မည့် ရွေ့ပြောင်းလုပ်သားတို့လည်း စုပြုံနေကြကြောင်း မြို့တွင်းသတင်းရင်းမြစ်မှသိရသည်။

    ဇန်နဝါရီ နောက်ဆုံးအပတ်မှစ၍ ကန်ချနပူရီလမ်းမတစ်လျှောက်တွင် ထိုင်းနိုင်ငံဘက်မှ စစ်ဆေးရေးဂိတ်တို့မြှင့်ဖွင့်လှစ်ရာ စစ်ဆေးတင်းကြပ်ထားသဖြင့် ပွဲစားတို့မှ ရွှေ့ပြောင်းအလုပ်သမားတို့ကို တစ်ဖက်နိုင်ငံသို့ တရားမဝင်နည်းဖြင့်သွင်းရန် ခက်ခဲလျှက်ရှိသည်။

    လက်ရှိဂျပါန်ရေတွင်းရွာနှင့် ဘုရားသုံးဆူမြို့အနှံ့ရှိ ပွဲစားနေအိမ်တို့တွင် တရားမဝင်အလုပ်သမား သောင်းနှင့်ချီအထိရှိနေနိုင်ကြောင်း ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလုပ်သား တရားမဝင်တင်သွင်းနေသည့် ပွဲစားနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    “သောင်းနဲ့ချီရှိတယ် ဘာလို့ဆိုပွဲစားတစ်ယောက်မေးလဲ တစ်ရာလောက်ရှိတယ်၊ နောက်တစ်ယောက်မေးလဲ အဲလိုပဲ တစ်ရာကျော်လောက်ရှိတယ်ဆိုတော့ ပွဲစားကတစ်ယောက်နှစ်ယောက်မှ မဟုတ်တာ အများကြီးရှိတယ်၊ ဝင်ဖို့မလွယ်တော့ အကုန်နယ်စပ်တွေမှာပဲအကုန်ရှိနေကြတာ၊ စောင့်နေကြတာပေါ့ ” ဆိုသည်။

    အဆိုပါရွှေ့ပြောင်းလုပ်သားတို့ကို တစ်ဖက်နိုင်ငံသို့မပို့မှီအချိန်အထိ နေရာထိုင်ခင်း၊ အစားအသောက်ကိစ္စ တာဝန်ယူဆောင်ရွက်ပေးသည့် ပွဲစားတို့ရှိသလို ဥယျာဉ်ခြံနှင့် တောတောင်ကြား စာနပ်ရိက္ခာမရရှိဘဲ တစ်ဖက်နိုင်ငံသို့ ဝင်မည့်ရက်ကို စောင့်စိုင်းနေရသူတို့လည်းရှိသည်။

    သို့သော် နိုင်ငံကူးလက်မှတ် Passport စာအုပ်ရှိ ရွှေ့ပြောင်းလုပ်သားအချို့ကို အရပ်သားပုံစံဖြင့် ဘုရားသုံးဆူမှတစ်ဆင့် ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ တစ်ဖက်ထိုင်းနိုင်ငံ ဝင်ကရွာအရောက်တွင် လိုင်းကားဖြင့်ပို့ဆောင်ပေးနေသည်။

    ထိုင်းနိုင်ငံဘက်မှ ကျားဖြန့်လုပ်ငန်းနှင့်ပတ်သတ်၍ နယ်စပ်ဂိတ်တို့ကို ယခင် မတင်းကြပ်ဖူးသည့်ပုံစံဖြင့် မြို့အဝင်လမ်း၊ တောလမ်းနှင့် ရေလမ်းအားလုံးကင်းလှည့်စစ်ဆေးနေခြင်းကြောင့် လက်ရှိဘုရားသုံးဆူမြို့တွင် ရောက်ရှိနေသည့် ရွေ့ပြောင်းလုပ်သားတို့ နေရပ်ကိုသာ ပြန်ရမည့်ကိန်းဖြစ်နေသည်ဟု မြို့ခံတို့က ဆိုသည်။

    ဒေသခံအမျိုးသားတစ်ဦးက " ဝင်ဖို့မလွယ်တော့ အကုန်နယ်စပ်တွေမှာပဲအကုန်ရှိနေကြတာ၊ စောင့်နေကြတာပေါ့ ဝင်ဖို့က အခုလဲကြားနေတာ သူတို့ ၃ရက်လာမသိဘူး၊ လမ်းပိတ်မယ်ပြောတယ် ထပ်စောင့်ကြရတာပေါ့ သူတို့တကယ်ပိတ်လိုက်ရင် ကိုယ့်အိမ်ကိုယ်ပြန်ရမလားတောင်မသိဘူး" ဟု ပြောသည်။

    ဖမ်းဆီးစစ်ဆေးမှုတင်းကြပ်ထားသော်လည်း ပြည်တွင်း စစ်မှုထမ်းနည်းဥပဒေကို ရှောင်တိမ်းလိုသူတို့အပြင် ပြည်ပသို့တရားဝင်နည်းဖြင့် ထွက်ခွင့်မရသည့် အသက် ၄၀ အောက်လူငယ်တို့ အများဆုံးပါဝင်ပြီး ရခိုင်နှင့် ဟိန္ဒူလူမျိုးတို့လည်းပါဝင်သည်ဟု မြို့ခံ၏ ပြောဆိုချက်အရ သိရသည်။

    ဘုရားသုံးဆူမြို့အတွင်း မြန်မာနိုင်ငံဘက်ကမှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လိုသူများအနေဖြင့် ပွဲစားကြေး ထိုင်း_ဘတ် ၁၀၀၀၀ ကျော်မှ ဘတ် ၂၅၀၀၀ အထိ ပေးသွင်းနေရသည်။

    ထိုင်းသတင်းဖော်ပြချက်အရ ယခု ဖေဖော်ဝါရီလအတွင်း စံခလပူရီနှင့် ကန်ချနပူရီရှိ ထိုင်းအာဏာပိုင်တို့က စစ်ဆေးတင်းကြပ်ထားမှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်သူများကို လူဦးရေ (၁၀၀) ခန့် ဖမ်းဆီးမိခဲ့‌သေးသည်ဟု သိရသည်။

    လျှပ်စစ်မီးနှင့် လောင်စာဆီဖြတ်တောက်ခံရသည့် ဘုရားသုံးဆူမြို့တွင် တစ်နယ်တစ်ကျေးမှ ဝင်ရောက်လာသည့် ရွေ့ပြောင်းလုပ်သားတို့ကြောင့် မြို့ခံတို့အနေဖြင့် လုံခြုံရေးအခြေအနေ စိုးရိမ်နေကြကြောင်းလည်း သိရသည်။

    ကျားဖြန့်ငွေလိမ်လုပ်ငန်းကိုချေမှုန်းသည့်အနေဖြင့် ထိုင်းအစိုးရက ဘုရာသုံးဆူမြို့အပါအဝင် နယ်စပ်တစ်လျှောက်ရှိ ဒေသ ၅ ခုတွင် ဖေဖော်ဝါရီ ၅ ရက်မှစပြီး လျှပ်စစ်မီး၊ လောင်စာဆီနှင့်အင်တာနက်တို့ကို ယနေ့အထိဖြတ်တောက်ထားကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks