spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်လူငယ်ဓါးထိုးမှုကိစ္စ ဘန်ကဍီးကျောင်းမှ တာဝန်ရှိသူတို့ဖြေရှင်းရန်မလိုအပ်ခဲ့

    မွန်လူငယ်ဓါးထိုးမှုကိစ္စ ဘန်ကဍီးကျောင်းမှ တာဝန်ရှိသူတို့ဖြေရှင်းရန်မလိုအပ်ခဲ့

    -

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကဍီးကျောင်း " မွန်အမျိုးသားနေ့"အထိမ်းအမှတ်ပြုလုပ်ရာမှ လူငယ်အချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့သည့် ကိစ္စသည် ကျောင်းအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့်အပြင် အသက်အန္တရာယ်ထိခိုက်မှုမရှိခြင်းကြောင့် ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းတာဝန်ရှိသူတို့ တာဝန်ယူဖြေရှင်းရန် မလိုအပ်ခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနေ့က “မွန်အမျိုးသားနေ့”အထိမ်းအမှတ် အခမ်းအနားကျင်းနေစဉ် နေ့လည် ၁ နာရီဝန်းကျင်တွင် ဘန်ကဍီးကျောင်းအပြင်ဘက်ရှိ လမ်းတွင် မွန်လူငယ်အချင်းချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။

    ဓားထိုးမှုဖြစ်ပွားပြီးနောက် ထိုင်းရဲတပ်ဖွဲ့တို့မှ ဘုန်းကြီးကျောင်းအတွင်းသို့ ရောက်ရှိလာပြီး အကျိုးအကြောင်း စစ်ဆေးမေးမြန်းခဲ့ပြီးနောက် စခန်းရောက်၊ ရုံးရောက်ဖြေရှင်းရန်မလိုခဲ့ကြောင်း ကျောင်းတာဝန်ရှိသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “သူတို့(ထိုင်းရဲ) ဝင်လာတဲ့ချိန်မှာ ဆရာတော်ကိုမေးတယ်။ ဘာပွဲလုပ်နေတာလဲပေါ့။ သူတို့အကျိုး အကြောင်းလာမေးတာ။ စကားလာပြောတယ်။ အဲ့လောက်ပါပဲ။ သူတို့တင်းကြပ်လိုက်တာမျိုးတော့ မရှိသေးဘူး။ အခြားထွေထွေထူးထူးမရှိဘူး”ဟု ဆိုသည်။

    ဓားထိုးခံရသည့် လူငယ်သည် အသက် ၂၁ ဝန်းကျင်ရှိပြီး အသက်အန္တာရာယ်မစိုးရိမ်ရသော်လည်း စမွတ်စခွန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကာ အဆိုပါလူငယ်တွင် အမျိုးသမီးနှင့် လသားအရွယ် ကလေးရှိကြောင်း စုံစမ်းသိရှိရသည်။

    ရန်ဖြစ်စကားများကြသည့် လူငယ်နှစ်ဦးသည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်သည့် ကော့ကရိတ်မြို့နယ်ဒေသခံများဖြစ်သည်ဟု သတင်းအရင်း အမြစ်များအရ သိရပြီး အဆိုပါလူငယ်တို့သည် ယခင်ကတည်းက ရန်ငြှိုးရန်စရှိခဲ့ဖူးသူတို့ဖြစ်သည်ဟု ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

    ဓားထိုးမှု ကျူးလွန်ခဲ့သည့်လူငယ်သည် ဘုန်းကြီးကျောင်းအပြင်ဘက်ရှိ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ထိုင်းရဲတပ်ဖွဲ့တို့က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

    မနက်ပိုင်းအစီအစဉ်ဖြစ်သည့် (၇၈) ကြိမ်မြောက် “မွန်အမျိုးသားနေ့” အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း အဆိုပါအခြေအနေကြောင့် ညနေပိုင်းအစီအစဉ်ဖြစ်သည့် ဖျော်‌ဖြေရေးအစီအစဉ်ကို ရပ်နားခဲ့ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks