spot_img
Saturday, February 22, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ စစ်အဏာရှင်တိုက်ဖျက်ရေး NMSP-AD (၁) နှစ်ပြည့်အပေါ် ပြည်သူတို့၏စကားသံ

    မွန်ပြည်သစ်ပါတီ စစ်အဏာရှင်တိုက်ဖျက်ရေး NMSP-AD (၁) နှစ်ပြည့်အပေါ် ပြည်သူတို့၏စကားသံ

    -

    မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP-AD မှ အကြမ်းဖက်စစ်ကောင်စီ ကျရှုံးရေးအတွက် သီးခြားဖြင့်သော်လည်ကောင်း၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးတွဲ၍သော်လည်းကောင်းတိုက်ပွဲဝင်လျှက်ရှိသည့်အပြင် ပါတီနှင့်တပ် ခိုင်မာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ ပြည်သူနှင့် အရပ်ဖက်အဖွဲ့အစည်းတို့နှင့် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နေသည်မှာ ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ၁ နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

    မွန်လက်နက်ကိုင်အဖွဲ့အစည်းတို့အနက် မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD သည် အင်အားအသင့်တင့်ရှိပြီး မွန်ပြည်သူလူထုတို့ထံ ယုံကြည်မှုအများဆုံးရရှိထားသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တစ်ခုဟုလည်း ဆိုနိုင်ပေသည်။

    NMSP-AD ပေါ်ပေါက်လာချိန်မှစ၍ မွန်တော်လှန်ရေးအင်အားစုတို့အား အင်အားတစ်ခုဖြစ်စေသည်ဆိုသော်လည်း မွန်ပြည်သူလူထုတို့ကို လုံခြုံမှုအပြည့်အဝမပေးနိုင်သေးကြောင်းလည်း နိုင်ငံရေးသုံးသပ်သူနှင့် မွန်ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

    ထို့ကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ၏ တည်ထောင်မှု ၁ နှစ်ပြည့်တွင် မွန်နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူလူထုတို့၏မှ ဝေဖန်အကြံပြုချက်နှင့် အမြင်သုံးသပ်ချက်တို့ကို စုစည်းတင်ပြလိုက်သည်။

    ဝါရင့် မွန်သတင်းထောက်တစ်ဦး

    “ခုဆို NMSP_AD က ဖွဲ့စည်းလာတာ တစ်နှစ်ပြည့်သွားပြီပေါ့နော်။ အင်အားက အသင့်အတင့်ရှိတယ်၊ မွန်လက်နက်ကိုင်အဖွဲ့တွေထဲမှာဆို အင်အားအကြီးဆုံးပဲလို့ ပြောလို့ရတယ်။ အခြားမွန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့စာရင် NMSP-AD က ပြည်သူလူထု ယုံကြည်ကြတာများနေတာကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ မွန်ပြည်သစ်ပါတီနာမည်ပါတယ် မွန်ပြည်သစ်ပါတီက ခေါင်းဆောင် အဆင့်ဆင့်တွေရဲ့ ကြိုးစားခဲ့မှုတွေလဲပါတယ်ပေါ့နော်။ မွန်ပြည်သစ်ပါတီ (စစ်အဏာရှင်တိုက်ဖျက်ရေး) ဖြစ်လာပြီးဆိုတာနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ မွန်ပြည်နယ်မှာ ကိုယ့်ကြိုက်သလို လုပ်မယ်ဆိုတဲ့ဟာတွေက နည်းသွားတယ် တိတ်ဆိတ်သွားတယ်။ ကောင်းတာက ပရိုဖရဲမဖြစ်သွားဘူးပေါ့နော်။ အခုဆိုပူပေါင်းတပ်ဖွဲ့အနေနဲ့ စစ်ဆင်ရေးလုပ်နေတာဆိုတော့ ပစ်စလက်ခတ်တွေ မဖြစ်ဘူး ချင့်ချိန့်ပြီ လုပ်နေကြတယ်။ ဒါပေမဲ့ ပြည်သူတွေ အဘက်ဘက်ကနေ ပါဝင်လာအောင် NMSP-AD နေနဲ့ စည်ရုံးရေးတွေ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ပြောရရင် စစ်အင်အားတွေပိုများသင့်တယ် သောင်းနဲ့ချီလေကောင်းလေပဲ။ ဒါမှ တိုက်ပွဲဝင်သွားဖို့ တစ်နေကျ ကိုယ်နယ်မြေကို အုပ်ချုပ်နိုင်ဖို့ အင်အားများမှရမယ်။ ပြီးရင် တာန်ရှိသူအချို့က စစ်သားများရင် မကျွေးမွေးနိုင်ဘူး လက်နက်ပစ္စည်းတွေမပေးနိုင်ဘူး ဒါလည်းမဖြစ်သင့်ဘူး။ စစ်တိုက်တော့မယ်ဆို အလည့်စီ လူလဲနိုင်ဖို့ စစ်အင်အားအများကြီးလိုတယ် ရနိုင်သမျှတော့ ယူထားရမယ်။ နောက်တစ်ခုက ကိုယ့်အင်အားဘယ်လောက်ရှိလဲဆိုတာကို မဟာမိတ်တွေ၊ မင်းအောင်လှိုင်တို့ကို ပြပေးနေရမယ်။ ဒါမှ သူတို့က ကိုယ့်ပြည်သူအပေါ် ခြိမ်းခြောက်မှုတွေ မလုပ်ရဲမှာ။ နောက်တစ်ခုက AD အနေနဲ့ စစ်အင်အားကောင်းလာအောင် ဘာတွေလုပ်သင့်လဲ? ဥပမာ ကျိုက်မရောမြို့နယ်က ထိုင်းဘိလပ်မြေစက်ရုံ(SCG)ကို ယူထားသင့်တယ်။ ထိုင်းသူဌေးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီ ကုမ္မဏီကို လုံခြုံရေးယူထားပေးမယ်လို့ ပြောလို့ရတယ် သူတို့လက်ခံလိမ့်မယ်။ သူတို့နဲ့ပြေပြေပစ်ပစ် ဆက်ဆံနိုင်မယ်ဆိုရင် အခွန်တွေကောက်လို့ရမယ်၊ ပြီးရင် စစ်ရေးလိုအပ်ချက်ဖြစ်တဲ့ ကျည်ဆံတွေလည်း တောင်းလို့ရတယ်။ အဲဒီတော့ အဲဒီကုမ္မဏီကို ရအောင်ယူသင့်တယ်။ အဲဒီလိုပဲ ရေမြို့နယ်က ပင်လယ်ဆိပ်ကမ်းဖြစ်ဖြစ် ရေနက်ဆိပ်ကမ်းဖြစ်ဖြစ် နိုင်ငံခြားသူဌေးတွေ လုပ်ဖို့ရှိတဲ့နေရာတွေ အကုန်လုံး ယူထားသင့်တယ်။ ဒါမှ သူတို့ဆီကနေ ပိုက်ဆံတွေရမယ် စစ်ရေးအတွက် အသုံးပြုနိုင်မယ်”

    မွန်နိုင်ငံရေး သုံးသပ်သူတစ်ဦး

    “NMSP-ADက ခွဲထွက်လာတည်က စစ်ရေးအရ တိုက်ခိုက်သွားဖို့လမ်းစဉ်ကို ရွေးခဲ့တာကို ကျနော်တို့အာလုံးသိတယ်။ ခုဆို စစ်အင်အားစုစည်းမှုတွေ ရန်ပုံငွေရှာဖွေမှုတွေ မွန်ပြည်သူတွေက သူတို့အပေါ်ထောက်ခံမှုတွေ စစ်ရေးလှုပ်ရှားမှုတွေ အများကြီးတိုးတက်လာတာကို တွေ့ရတယ်။ စစ်က ဒီအတိုင်းလိုက်တိုက်နေလို့မရဘူးပေါ့နော်။ ဗျူဟာတွေနဲ့ တိုက်မယ် ပြည်သူတွေပြောသလိုလဲ လိုက်တိုက်နေလို့မရဘူး။ NMSP-AD ခေါင်းဆောင်တွေကလည်း ချင့်ချိန်လုပ်နေပါတယ်။ ဒါပေမဲ့ တိုက်တော့မယ်ဆို နိုင်လဲနိုင်သွားအောင် ပြည်သူလူထုလဲ အထိအခိုက်နည်းအောင် ကိုယ့်အသုံးစရိတ်ပစ္စည်းတွေ ကုန်ကျနည်းအောင် ဗျူဟာလဲကောင်းအောင် တိုက်ရမယ်ပေါ့နော်။ ပြီးရင် စစ်အင်အားများအောင် လုပ်ရမယ်၊ စစ်ရေးနဲ့ဆိုင်တဲ့ အရေးအချင်းတွေ ရှိထားရမယ်။ ဒါတွေ NMSP-AD အနေနဲ့ ပိုလုပ်ပေးရမယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီထဲမှာ ဒရုန်းကျွမ်းကျင်မှုတွေ ခေတ်မှီတဲ့အတတ်တွေ တတ်ထားသင့်တယ်။ ဒါအပြင် ကိုယ့်နယ်မြေကို ချဲ့ကားနိုင်အောင် မရတဲ့နေရာတွေ ရနိုင်အောင် ကြိုးစားရမယ်။ နောက်တစ်ခုက မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ကြားမှာလည်း အထင်လွှဲမှားမှုတွေမရှိအောင် ပြဿနာတွေ မရှိအောင် သေချာ လုပ်ဆောင်ထားရမယ်။ အခုဆို စစ်ရေးအခြေအနေက ပိုပြင်းထန်သွားဖို့ရှိတယ်။ အဲဒီတော့ NMSP အနေဖြင့် စစ်အင်အား လက်နက်အင်အား ပြင်ဆင်ထားရမယ်လို့ ကျွန်တော်မြင်တယ်”

    ပြည်တွင်းရှိ မွန်ပြည်သူတစ်ဦး

    “ကျွန်တော်တို့ခြုံကြည့်မယ်ဆိုရင် မွန်မှာ မွန်ပြည်သူ့တပ်ဦးနောက်ပိုင်းဆိုရင် မွန်ပြည်သစ်ပါတီက အင်အားအကြီးဆုံးဖြစ်လာတယ်။ ခေါင်းဆောင်ပိုင်းတွေက လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုတွေကို အစဉ်အဆက် ဦးဆောင်ကြိုးပမ်းလာတာကို တွေ့ရတယ်။ ပြီးရင် စစ်ကောင်စီက အာဏာသိမ်းသွားတယ်။ ဒါကြောင့် တပ်ဖွဲ့သစ်တွေ ပေါ်ပေါက်လာတယ်။ အဲဒီထဲမှာမှ စစ်အဏာရှင်တိုက်ဖျက်ရေးဆိုပြီ မွန်ပြည်သစ်ပါတီဆီကနေ NMSP-ADဆိုပြီ ပေါ်ထွက်ခဲ့သည်။ NMSP-ADထွက်ခွာလာတည်းကဆို စစ်အဏာရှင် ဆန့်ကျင်တဲ့ အခြားမွန်လက်နက်ကိုင်တပ်ဖွဲ့တွေလဲရှိနေပြီး။ သူတို့ထွက်လာပြီနောက်ပိုင်းအကြာမှာ မွန်တပ်ဖွဲ့တွေ ပြန်လည်းစုစည်းသွားကြတာကို တွေ့ရတယ်။ မွန်တော်လှန်ရေးအင်အားအတွက် ခွန်အားပိုရှိလာတယ်။ ဒါပေမဲ့ ဒီစုစည်းမှုထဲမှာမှ မွန်တပ်တော်တစ်ခု ဖြစ်လာဖို့မလွယ်ဘူး။ အဲဒီတော့ ခုအခြေအနေက နည်းနည်းရှုပ်သေးတယ် မပြောနိုင်သေးဘူး။ NMSP-ADအနေနဲ့လည်း တိုက်ပွဲဖော်ဆောင်နေတာတွေ တွေ့ရတယ်။ ကျွန်တော်တို့ပြည်သူအနေနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် အထိအခိုက်ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲရဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ မြင်ဖို့လိုတယ်။ တိုက်ပွဲအကျိုးအမြတ်တွေသာ မြင်ရရင် အထိအခိုက်တွေက မပြောပါ့လောက်ပါဘူး”

    မွန်လူငယ်တစ်ဦး

    “ကျနော့်အနေနဲ့ဆို NMSP-AD ထွက်လာတာက မွန်တော်လှန်ရေးအင်အားဖြစ်တယ် အတိုင်းအတာတစ်ခုထိ အဖွဲ့အစည်းငယ်တွေကို ဦးဆောင်နိုင်တယ်လို့မြင်တယ်။ ခုလည်း အင်အားတွေ အသင့်အတင့်ရှိပြီးပေါ့နော်။ ဒါက လူမျိုး လွတ်လပ်ခွင့်ရဖို့ လှုပ်ရှားနေတဲ့မွန်တွေ့အတွက် အထောက်အကူ အများကြီးဖြစ်တယ်။ တစ်ခုရှိတာက မွန်ပြည်သူတွေအတွက် လုံလုံခြုံခြုံ ဘေးရန်ကနေ မတာဆီးနိုင်သေးဘူး။ ကိုယ့်နယ်မြေကို ပြန်လည်းထိန်သိမ်းနိုင်ဖို့ကလည်း မတွေ့ရသေးဘူး။ အရေးကြီးဆုံးက မွန်လူမျိုးအားလုံးအတွက် NMSP-ADက မျှော်လင့်ချက်တွေ ယူဆောင်ပေးရမယ်ပေါ့နော်။ ပြည်သူတွေ မျှော်လင့်ချက်ရောင်ခြည်မတွေ့ရရင် ရေရှည်သွားဖို့ခက်ခဲလိမ့်မယ်။ ပြည်သူတွေရဲ့ ထောက်ပံ့မှုလည်း လျော့ကျသွားနိုင်တယ်၊ စစ်အင်အားဝန်ရံမှုကလည်း နည်းသွားနိုင်တယ်။ တကယ်တော့ ထမင်း၊ ဟင်းတွေထက် တို့မွန်ပြည်သူက မျှော်လင့်ချက်တွေပိုလိုအပ်နေတယ်။ လွပ်လပ်ခွင့်ဆိုတဲ့မျှော်လင့်ချက်ရှိမှ စစ်ထဲဝင်နိုင်မယ် ထောက်ပံ့နိုင်မယ်လို့ ကျွန်တော်မြင်တယ်”

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts