spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးနှင့် မြဝတီကို စက်သုံးဆီ တရားမဝင်ပို့နေလို့ မော်လမြိုင်တွင် ဒီဇယ်ဆီ ပြတ်လပ်မှုဖြစ်ပေါ်နေ

    ဘုရားသုံးနှင့် မြဝတီကို စက်သုံးဆီ တရားမဝင်ပို့နေလို့ မော်လမြိုင်တွင် ဒီဇယ်ဆီ ပြတ်လပ်မှုဖြစ်ပေါ်နေ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ပို့ဆောင်သည့် စက်သုံးဆီများ ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူမြို့သို့ တရားမဝင် တင်ပို့နေကြသည့်အတွက်ကြောင့် မော်လမြိုင်မြို့တွင် ဒီဇယ်ဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း မော်လမြိုင်မြို့ခံနှင့် လုပ်ငန်းရှင်တို့ထံမှ သိရသည်။

    မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့တို့တွင် ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနှင့် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းအချို့တင်ပို့ခွင့် ဖြတ်တောက်လိုက်ပြီးနောက် ယင်းဒေသရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဒီဇယ်ဆီများကို သထုံမြို့နှင့် မော်လမြိုင်မြို့မှတဆင့် အဖွဲ့အစည်းပေါင်းစုံက နည်းလမ်းမျိုးစုံဖြင့် ဝယ်ယူပို့ဆောင်နေကြကြောင်း မော်လမြိုင်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “အဲ့ဒီအပြင်ကို မော်လမြို်ငမှာ တချို့စက်သုံးဆီဆိုင်တွေက ဒီဇယ်ဆီကို ဈေးတင်ရောင်းနေကြတာမျိုးဖြစ်နေတယ်။ သူတို့အနေနဲ့က မြဝတီတို့၊ ဘုရားသုံးဆူတို့ကို ဒီဇယ်ဆီရောင်းရင် ဈေးက ထက်ဝက်ကျော်မြတ်တော့ အဲ့ဒီဘက်တွေကိုဘဲ အဓိက တင်ရောင်းနေကြတဲ့သဘောဖြစ်နေတယ်။ မော်လမြိုင်မှာ ဒီဇယ်ဆီမရှိတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အကုန်ရပ်နေရတယ်။ အဲ့ဒီအပြင်ကို ဒီဇယ်ဆီထည့်မောင်းရတဲ့ ကုန်တင်ယာဉ်တွေ၊ အိမ်စီးကားတွေလည်း အကုန်အခက်အခဲဖြစ်နေတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    လက်ရှိတွင် တရားဝင် ဒီဇယ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၀၀ ဝန်းကျင်သာရှိသော်လည်း မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တို့တွင် ဒီဇယ်ဆီ တစ်လီတာလျှင် ကျပ် ၅၅၀၀ အထိ ဈေးတင်ရောင်းချမှုများရှိနေကြောင်းလည်း ၎င်းလုပ်ငန်းရှင်က ဆိုသည်။

    ထိုင်း – မြန်မာ နယ်စပ်ရှိ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်မှ ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်ထားသည့်အတွက်ကြောင့် မော်လမြိုင်နှင့် ဘားအံမြို့များအတွက် ရရှိထားသည့် စက်သုံဆီခွဲတမ်းမှ ဒီဇယ်ဆီများအား မြဝတီနှင့် ဘုရားသုံးဆူမြို့သို့ တင်ပို့ရောင်းချနေကြခြင်းဖြစ်ကြောင်း သိရသည်။

    “အရင်က မော်လမြိုင်မြို့မှာ စက်သုံးဆီအခက်အခဲဖြစ်ရင် ဓါတ်ဆီပဲ ပြတ်တာမျိုးရှိခဲ့တယ်။ ဒါကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ တံတားကျိုးလို့ ဆီကားတွေ မဝင်နိုင်လို့ စက်သုံးဆီတွေ ပြတ်တာမျိုးပဲဖြစ်တာ။ အခုက ဓါတ်ဆီက ရသေးတယ်။ ဒီဇယ်ဆီတစ်မျိုးတည်းကို ပြတ်နေတာ။ စက်သုံးဆီအရောင်းဆိုင်တွေမှာက ဓါတ်ဆီကြိုက်သလောက်ထည့်လို့ရပေမယ့် ဒီဇယ်ဆီက အကန့်အသတ်နဲ့ပဲ ရတယ်။ ဒါတောင် ခဏလေးပဲရောင်းကြပြီးတော့ ကုန်သွားပြီး ပြောတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    ယခင်က မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများအားဖြင့် အိမ်စီးကားများသာ ဆီထည့်ကြလေ့ရှိသော်လည်း ယခုအခါ ကုန်တင်ယာဉ်ကြီးများပါ ဒီဇယ်ဆီရရှိရန်အတွက် လာရောက်စောင့်ဆိုင်နေကြရသည့် အနေအထားမျိုးဖြစ်နေကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။

    ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ထိုင်း – မြန်မာနယ်စပ်တွင် ဖြစ်ပေါ်ခဲ့သည့် တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခြင်းခံခဲ့ရပြီးနောက်ပိုင်းတွင် ထိုင်း – မြန်မာနယ်စပ်တလျှောက်က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိပ်နှင်းရန် တရုတ်နှင့် ထိုင်းတို့က အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

    ထိုင်း – မြန်မာနယ်စပ်တလျှောက်က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိပ်နှင်းရန် ထိုင်းနိုင်ငံဘက်က ဘုရားသုံးဆူ၊ မြဝတီအပါအဝင် နယ်စပ်တလျှောက်က နေရာ ၅ ခုထက်မနည်းကို လျှပ်စစ်မီး၊ အင်အာနက်နှင့် လောင်စာဆီ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကစပြီး ဖြတ်တောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks