Homeသတင်းဘန်ကောက်မြို့ မွန်အမျိုးသားနေ့အခမ်းအနားတွင် ဓားထိုးမှုဖြစ်ပွား

ဘန်ကောက်မြို့ မွန်အမျိုးသားနေ့အခမ်းအနားတွင် ဓားထိုးမှုဖြစ်ပွား

-

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးရှိ ဘန်ကဍီး သုဓမ္မဝတီ မွန်ကျောင်းတွင် ကျင်းပပြုလုပ်သည့် မွန်အမျိုးသားနေ့အခမ်းအနားတွင် ဓားထိုးမှုဖြစ်ပွားခဲ့သည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

( ၇၈ ) ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် "မွန်လူမျိုးများနေ့"ဟုဆိုကာ ဘန်ကောက်မြို့တစ်ဝိုက်ရှိ မွန်လူမျိုးနှင့် မွန်သံင်္ဃာတို့မှ ဦးဆောင်၍ ဘန်ကဍီး သုဓမ္မဝတီမွန်ကျောင်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖျော်ဖြေရေး အစီစဉ်ကျင်းပနေစဉ် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် အခမ်းနားတက်ရောက်သည့် မွန်လူငယ်အချင်းချင်း ရန်ဖြစ်ကာ ဓားထိုးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓားထိုးမှုကြောင့် မွန်လူငယ်တစ်ဦး နောက်ကျောတွင် ဒဏ်ရာပြင်ထန်း ရရှိခဲ့ကာ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဆိုသည်။

“ဘာအကြောင်းကြောင့်ဖြစ်လဲဆိုတာ သေချာမသိဘူး။ ရန်ဖြစ်ကြတာပဲသိတာ။ ဂီတပွဲကြည့်နေတဲ့ချိန် တာဝန်ရှိသူတွေကလာပြီး ဒီပွဲကို ရပ်နားရမယ်တဲ့။ အဲ့ချိန်မှာ ပြန်တဲ့လူတွေပြန်ကုန်တာပေါ့လေ”ဟု ပွဲတက်ရောက်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။

ဓားထိုးမှု ကျူးလွန်ခဲ့သည့်လူငယ်မှ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ထိုင်းရဲတပ်ဖွဲ့တို့မှ လိုက်လံရှာဖွေမှု ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့တို့ဝင်ရောက်လာချိန်မှစ၍ ဖျော်ဖြေရေးအစီအစဉ်ကို ရပ်နားခဲ့ရပြီး အခမ်းနားကိုလည်း ပိတ်သိမ်းခဲ့ရသည်ဟု ပွဲတက်ရောက်ခဲ့သူတို့က ဆိုသည်။

မွန်လူငယ်နှစ်ဦး မည်သည့်အကြောင်းကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မည်သူမည်ဖြစ်ဝါဖြစ်ကြောင်းကို လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ဆက်လက်အတည်ပြုပြီး သီးခြားဖော်ပြပေးသွားမည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts