spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရွှေက္ကိုလ်တွင် BGF က ဝင်ရောက်ရှာဖွေစစ်ဆေးနေ

    ရွှေက္ကိုလ်တွင် BGF က ဝင်ရောက်ရှာဖွေစစ်ဆေးနေ

    -

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုဒေသကို ကရင်နယ်ခြားစောင့်တပ် BGF က ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကိုင်တွယ်ရန် BGF က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

    အစည်းအဝေးတွင် ကျားဖြန့်နှင့် လူမှောင်ခို ပပျောက်နှိမ်နင်းရေးအတွက် ဝင်ရောက်ရှင်းလင်းရေး အဖွဲ့ (၁)၊ (၂)၊ (၃)၊ ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ကိုင်တွယ်သွားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ရွှေက္ကိုဒေသကို ယခုလို စတင် ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းဖြစ်သည်။

    BGF ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “မနက် ၆ နာရီကစပြီး ကျွန်တော်တို့အလုပ်လုပ်နေပြီနော့်။ အကိုတို့က ပလန် အေ၊ ပလန် ဘီ၊ ပလန် စီ အဲဒီလိုသွားတယ်။ ပလန်စီမှာကျတော့ အကုန်လုံးအပြီးသတ် သူတို့ဆက်စပ်ပစ္စည်းတွေကအစ ဖျက်ဆီးတဲ့အခမ်းအနားရှိတယ်။ အားလုံးပြီးရင်တော့ သတင်းသမားတွေအားလုံးခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရွှေကုက္ကိုဒေသခံများကလည်း တရုတ်လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ BGF တပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ အဓိက လူကုန်ကူးခံရသူများကို ရှာဖွေခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

    “သူတို့မေးတာက ကိုယ့်သဘောနဲ့ကိုယ် လုပ်တာလား။ အရောင်းခံရတာလား။ ဒါကို အဓိကမေးတယ်” ဟု ရွှေကုက္ကိုဒေသခံတစ်ဦးက ပြောသည်။

    ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ထိန်းချုပ်ထားသည့် ကျောက်ခတ်ကျေးရွာမှ လူကုန်ကူးခံရသူ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

    လွှဲပြောင်းပေးသည့်နေ့တွင် DKBA ဗိုလ်ချုပ် စောဆန်းအောင်က “သမရိုးကျ သမာအာဇီဝ ကျကျလေ ဥပမာ အိမ်ရာလုပ်ငန်း၊ ဟော်တယ်လုပ်ငန်း၊ အပန်းဖြေလုပ်ငန်း၊ ခရီးသွားအပန်းဖြေလုပ်ငန်း အဲဒီလိုလုပ်နေတဲ့ လူတွေကျတော့ သူဟာသူ ဆက်ပြီးသွားမယ်။ ကျွန်တော်တို့လည်း ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် တတ်နိုင်သလောက် ဝိုင်းရံမယ်ပေါ့နော်။ တဘက်မှာလည်း ကိုယ်ကျိုးပဲကြည့်ပြီး တဘက်လူတွေကို ရက်ရက်စက်စက် မစာနာပဲ ညှင်းပန်းနှိပ်စက်မယ်ဆိုရင် အဲဒီလူတွေကို ကျွန်တော်တို့ ရှင်းထုတ်သွားမယ်” ဟု ပြောခဲ့သည်။

    ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ကာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ်တို့ကို လျှပ်စစ်မီးအပါအဝင် စက်သုံးဆီနှင့် အသုံးအဆောင်အချို့ တင်ပို့မှု ဖြတ်တောက်ခဲ့သည်။

    ၎င်းပြင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မုတ်သုံနှင့် ဗိုလ်မှူးတင်ဝင်းတို့ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI မှ ဖမ်းဝရမ်းထုတ်နိုင်ရန် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မြဝတီမြို့နယ်တွင် ကျားဖြန့်နှိမ်နှင်းရေး စစ်ဆင်ရေးများ တွေ့လာရသည်။

    သို့သော်လည်း ကရင် BGF ခေါင်းဆောင်များ ယနေ့အချိန်ထိ ကျားဖြန့်လုပ်ငန်းကို ဦးဆောင်သူများ၊ အဓိက တာဝန်ရှိသူများကို ဖမ်းဆီးခြင်း၊ ပြန်ပို့ခြင်းများ မတွေ့ရသေးဘဲ၊ လူကုန်ကူးခံရသူများကိုသာ ဖမ်းဆီးပြန်ပို့လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks