spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းသထုံခရိုင်ဒေသခံတို့ကို နေ့ခင်းပိုင်းတွင်ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းရေးဌာနသို့ပို့ဆောင်နေ

    သထုံခရိုင်ဒေသခံတို့ကို နေ့ခင်းပိုင်းတွင်ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းရေးဌာနသို့ပို့ဆောင်နေ

    -

    မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ဒေသခံတို့ကို စစ်ကောင်စီအဖွဲ့တို့က နေ့ခင်းပိုင်းတွင်ပင် လိုက်လံဖမ်းဆီးပြီး သက်ဆိုင်ရာစစ်မှုထမ်းစုဆောင်းရေးဌာနသို့ ပို့ဆောင်နေကြောင်း ဒေသခံတို့၏ပြောဆိုချက်အရ သိရသည်။

    ယခု ဖေဖော်ဝါရီလအတွင်း အသက်(၁၆) နှစ်မှ အသက် (၃၀)အကြားရှိ သထုံခရိုင်မှ ဒေသခံအမျိုးသား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး သတင်းအစနပျောက်ဆုံးနေကြောင်း ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

    အရပ်ဝတ်ဖြင့် လူရှင်းသည့် လမ်းဆုံလမ်းခွ နေရာတို့တွင် စစ်ကောင်စီလက်အောက်ခံတပ်သားနှင့် ပျုစောထီးအဖွဲ့တို့ပူးပေါင်းပြီး နေခင်းပိုင်းနှင့် ညပိုင်းပါ ဖမ်းဆီးစစ်ဆေးမှုလုပ်ဆောင်နေကြောင်း ဘီလင်းဒေသခံတစ်ဦးကဆိုသည်။

    “ဘေးတွဲသမားတစ်ယောက်မိသွားတာကလည်း ပေါတာထဲပါသွားတယ်။ ဖမ်းဆီးပြီးသွားရင် ငွေနဲ့ပြန်လဲလို့မရတော့ဘူး။ မိသားစုတွေက ပြန်လိုက်လို့လည်းမရတော့ဘူး။ သူတို့ (စကစ) ဘက်ကနေလည်း သတင်းမပြန်တော့ဘူး’’ ဟု ပြောသည်။

    ယခင် စစ်ကောင်စီဘက်မှဖမ်းဆီးခံရသူတို့သည် ငွေကြေးပေးဆောင်ပြီးပါက ပြန်လည်လွတ်မြောက်နိုင်သော်လည်း လက်ရှိတွင် ငွေကြေးနှင့်မဖြေရှင်းနိုင်သည့်အပြင် မိသားစုနှင့်လည်း အဆက်သွယ်လုံးဝမရတော့ကြောင်း တော်လှန်ရေးအဖွဲ့ဘီလင်းဒေသခံတစ်ဦးက ယခုလိုပြောပြထားသည်။

    လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်ခြင်းအပြင် အင်အားအမြောက်အများဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးစဉ်တွင်လည်း တော်လှန်ရေး ပူးပေါင်းအဖွဲ့နှင့် ပတ်သတ် ဆက်သွယ်သည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကိုအကြောင်းမကြားဘဲ လူမသိသူမသိ ဖမ်းဆီးခေါ်ဆောင်မှုတို့လည်း လုပ်ဆောင်လျှက်ရှိသည်။

    အလားတူပေါင်မြို့နယ်တွင်လည်း ဒေသန္တရအမိန့်ကိုချိုးဖောက်သည်ဟု ဆိုကာ ဒေသခံလူငယ်များအားဖမ်းဆီးနေမှုမှာ တစ်နေ့တစ်နေ့ထက် အခြေနေဆိုးရွားလာနေကြောင်း ပေါင်မြို့ခံလူငယ်တစ်ဦးက ပြောသည်။

    “အကိုတို့က အပြင်မထွက်ရဲတော့ဘူးဆိုတာက ထွက်လို့မရတော့ဘူးဆိုတော့လည်းမဟုတ်ဘူး။ ထွက်လို့ရတယ်။ ဒါမဲ့ထွက်ရင် ကိုယ့်အတွက်က ဘာမှလုံခြုံမှုမရှိတော့ဘူး။ ရှင်းရှင်းပြောရရင်တော့ ထိုင်းနိုင်ငံမှာ တရားမဝင်နည်းနဲ့နေရင်တောင်မှ မြန်မာနိုင်ငံထက်တောင် ပိုလုံခြုံနေသေးတယ်။” ဟုဆိုသည်။

    ယခုကဲ့သို့စစ်ကောင်စီမှ ဖမ်းဆီးမှုပိုမိုတင်းကျပ်လာသည်နှင့်အမျှ ဒေသခံလူငယ်အများစု တော်လှန်ရေးအင်အားစုတို့နှင့်ပူးပေါင်းမှု ခပ်စိပ်စိပ်ရှိလာကြောင်း သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်း၏ ပြောပြချက်အရ သိရသည်။

    စစ်မှုထမ်းနည်းဥပဒေသစ်ကို ယခုနှစ်ဇန်နဝါရီလတွင် ထုတ်ပြန်လာသည့်နောက် နိုင်ငံအနှံ့အပြားရှိ အသက် ၁၈ နှစ်မှ ၂၇ အရွယ်ကြားရှိ အမျိုးသမီးတို့ကို အဓိကထားပြီး စစ်မှုထမ်းအတွက် စုဆောင်းခံနေရသည်ဟုလည်း အမျိုးသမီးအရေးလှုပ်ရှားနေသည့် BWU အဖွဲ့၏ လစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက် ကာကွယ်ရေးဝန်ကြီးဌာန (MOD)က စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံကြရန် တိုက်တွန်းထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks