spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဒေသ ဂျပါန်ရေတွင်းရွာတွင်ကျင်းပသည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား

    မွန်ပြည်သစ်ပါတီဒေသ ဂျပါန်ရေတွင်းရွာတွင်ကျင်းပသည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား

    -

    မွန်ပြည်သစ်ပါတီမှ ယနေ့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို ဗဟိုဌာနချုပ်အနီးတစ်ဝိုက်ဒေသ၊ ဘုရားသုံးဆူမြို့နယ်ရှိ ဂျပန်ရေတွင်းရွာတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    မွန်အမျိုးသားအလံနှင့် ကျဆုံးခဲ့သည့် မွန်မျိုးချစ်ခေါင်းဆောင်များအား အလေးပြုခြင်းအစီစဉ်ကို နံနက်ပိုင်း ၇ နာရီ၌ စတင်ကျင်းပခဲ့ပြီး အခမ်းနားသဘာပတိ အဖြစ်ပါဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ မိန့်ခွန်းပြောကြားခြင်း၊ ဘုရားသုံးဆူဒေသ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မိန့်ခွန်းပြောကြားခြင်းအပြင် သဝဏ်လွှာဖတ်ကြားခြင်းအစီအစဉ်တို့လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

    တစ်နိုင်ငံလုံးစစ်ဘေးဒဏ်မြင့်ပြီး စစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေချိန်တွင် မွန်ပြည်သူလူထုအားလုံး သတိဝီရိယဖြင့် နေထိုင်ရန်နှင့် ယနေ့ဖြစ်ပေါ်နေသည့် အခက်အခဲအကြပ်အတည်းကို မွန်ပြည်သစ်ပါတီမှ လက်လှမ်းမီသလောက် ပြည်သူလူထုတို့ကို ကာကွယ်သွားမည်ဟုလည်းမှ နိုင်ဟံသာမှ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    "အခုဆိုရင် ရေးချောင်းဖျားဘက်ကို ထွက်ပြေးလာတာအများကြီးရှိတယ်၊ စစ်ဖြစ်တာနဲ့ဆိုရင် လမ်းတွေကပိတ်တယ် ရိက္ခာတွေလည်းခက်မယ်၊ ဒါ့ကြောင့် ပုန်းခိုဖို့ ထွက်ပြေးဖို့နေရာတွေ ပြည်သူတွေပြင်ဆင်ထားရမယ်၊ မွန်တပ်ထဲဝင်နိုင်ရင်ဝင်ပါ မဝင်ရင်ဟိုမှာက လူမျိုးမရွေးဗမာတပ်ထဲဝင်ဖို့ဖမ်းဆီးနေပြီး၊ ယနေ့ လူမျိုးပေါင်းစုံတို့တိုက်ပွဲဝင်နေချိန်မှာ မွန်အမျိုးသားအမျိုးသမီးမရွေး လွတ်လပ်တဲ့လူမျိုးအတွက် ကြိုးစားကြပါ"ဟု ဆိုသည်။

    ထို့နောက် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီမှ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် ထုတ်ပြန်သည့် သဝဏ်လွှာကို ဗဟိုကော်မတီအဖွဲ့ဝင် ဗိုလ်မှုးကြီး နိုင်သီရိနွန်မှ ဖတ်ကြားခဲ့သည်။

    "မွန်လူမျိုးအားလုံး ညီညွတ်ကြစို့၊ မွန်တို့ကံကြမ္မာ မွန်တို့ဖမ်တီးရေးနှင့် စစ်မှန်သည့် ပြည်ထောင်စုကြီးတည်ဆောက်ရေး" ဟူသည့် ကြွေးကျော်သံနှင့်အတူ အခမ်းနားပိတ်သိမ်းခဲ့သည်။

    ယနေ့ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ထိန်းချုပ်ရာ ဒေသတို့အပြင် ဗဟိုအဆင့်အခမ်းအနားကို မော်လမြိုင်မြို့နှင့် အခြားမွန်လူမျိုးများရှိရာ ရန်ကုန်၊ ပဲခူး၊ကရင်ပြည်နယ်နှင့် တနသာၤရီတိုင်းတို့တွင်လည်း ကျင်းပလျှက်ရှိသည်။

    မွန်အမျိုးသားနေ့ကို သမလနှင့် ဝိမလ မွန်ညီနောင်နှစ်ပါးတို့က ဟံသာဝတီ (ပဲခူး) မင်းနေပြည်တော်ကို တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းသတ်မှတ်ချက်ကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၌ ကျင်းပသည့် မွန်အမျိုးသားညီလာခံတွင် မွန်တိုင်းရင်းသားအစည်းအရုံးက ချမှတ်ခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ်မှစ၍ မွန်အမျိုးသားနေ့ကို နှစ်စဉ်ပုံမှန် ကျင်းပလာခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks