spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းနိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ထားသည့် စစ်ကောင်စီဝန်ထမ်းတို့ကို စာရင်းကောက်ယူနေ

    နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ထားသည့် စစ်ကောင်စီဝန်ထမ်းတို့ကို စာရင်းကောက်ယူနေ

    -

    မွန်ပြည်နယ်တွင် နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ထားသည့် ဌာနဆိုင်ရာဝန်ထမ်းတို့ကို စာရင်းကောက်ယူနေပြီး အဆိုပါနိုင်ငံကူးလက်မှတ်တို့ကို သက်ဆိုင်သည့်ဌာနဆိုင်ရာဦးစီးသူတို့ထံ အပ်နှံသွားရမည်ဟု စစ်ကောင်စီဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။

    ဇန်နဝါရီနောက်ဆုံးအပတ်အတွင်း ပြည်နယ်ပညာရေးဦးစီးဌာန၏ လစဉ်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံကူးလက်မှတ်စာအုပ်ကိစ္စဆွေးနွေးခဲ့ရာ ထို့မှတစ်ဆင့် မြို့နယ်အလိုက်ပညာရေးဦးစီးဌာနတို့ထံ ညွှန်ကြားထားကြောင်း သိရသည်။

    နိုင်ငံကူးလက်မှတ်ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းတို့၏စာရင်းကို ယခုဖေဖော်ဝါရီလအတွင်း အပြီးစီးတင်ပြရမည်ဟု သတ်မှတ်ထားကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    "ကိုယ်ပတ်စပို့စာအုပ် လုပ်ထားတယ် ကိုယ့်မှာလက်ဝယ် ပတ်စပို့်စာအုပ်ရှိတယ်ဆိုတဲ့အကြောင်းကို ကိုယ့်ရဲ့မြို့နယ်ပညာရေးဌာနကိုစာရင်းပေးရမယ်။ ဒီမြို့နယ်ပညာရေးဌာနကနေတစ်ဆင့် လ ဝ က ကို စာရင်းပေးသွားမှာပေါ့။” ဟုဆိုသည်။

    ယင်းကဲ့သို့ စာရင်းကောက်ခံနေသည့်အပေါ် ဝန်ထမ်းများထံ တိကျသောရှင်းလင်းချက်များ ပြောကြားခြင်းမရှိသည့်အပြင် ပူးပေါင်းမပါဝင်သူတို့ကို အရေးယူသွားမည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း ပညာရေးဝန်ထမ်းက ဆက်ပြောသည်။

    နိုင်ငံကူးလက်မှတ်စာအုပ် အမှန်တကယ်အပ်နှံရမည်ဆိုပါက ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ခံရသည့်သဘောဖြစ်ပြီး လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးရ အခွင့်အရေးတို့ကို ချိုးဖောက်နေသည့်သဘောဖြစ်ကြောင်းလည်း ဝန်ထမ်းတို့ကြား ပြောဆိုလျှက်ရှိသည်။

    ထို့အပြင် ပြီးခဲသည့် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် အတည်ပြုလိုက်သည့်ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီလက်အောက်ဝန်ထမ်းများလည်း စစ်မှုထမ်းရမည်ဟုသတ်မှတ်ထားခြင်းကြောင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သတ်၍လည်း စစ်ကောင်စီဝန်ထမ်းတို့ကြား စိုးရိမ်မှုမြင့်တက်လျှက်ရှိသည်။

    လက်ရှိတွင် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေယန္တရားဆက်လက်လည်ပတ်နိုင်ရန် နှင့် ပြည်ပထွက်ခွင့်ကို ပိတ်ပင်နိုင်ရေး အဘက်ဘက်မှဖိအားပေးလုပ်ဆောင်လျက်ရှိပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းဆိုင်ရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးဌာနက ထပ်မံတင်းကြပ်ထားသည်။

    “အခု ပတ်စပို့လုပ်တာရော။ စမတ်ကဒ်လုပ်တာရော အရင်ကထက် ပိုခက်လာတယ်။ လုပ်ရင် ပွဲစားနဲ့လုပ်မှ ရမယ်။ ပွဲစားနဲ့မဝင်ရင် သူတို့မလုပ်ပေးဘူး။ မှတ်ပုံတင်ပြောင်းတာကအစ ပွဲစားနဲ့ဝင်မှ သူတို့လုပ်ပေးတယ်။ ပြီးတော့ ပတ်စပို့ရတဲ့အချိန် သွားထုတ်ရင်လည်း လူကိုယ်တိုင်သွားမှ သူတို့ထုတ်ပေးတယ်။ လူကိုယ်တိုင်မဟုတ်ရင် မပေးဘူး ” ဟု လက်ရှိနိုင်ငံကူးလက်မှတ် လုပ်ဆောင်နေသည့် လူငယ်တစ်ဦးက ဆိုသည်။

    မွန်ပြည်နယ်အတွင်း သာမန်အရပ်သားတို့ကိုပင် စစ်မှုထမ်းရန် နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး စစ်ကောင်စီအဖွဲ့တို့မှ ခေါ်ယူနေခြင်းဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းတို့ကိုလည်း စစ်မှုထမ်းဆင့်ခေါ်နိုင်ကြောင်း နည်းဥပဒေ ကျွမ်းကျင်သူတို့က သုံးသပ်ပြောဆိုသည်။

    လက်ရှိတွင် စစ်မှုထမ်း ဥပဒေသတ်မှတ်မှတ်ချက်အရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိအမျိုးသားတို့အတွက် ပြည်ပအလုပ်အကိုင်အတွက် စာချုပ်ချုပ်ဆိုမှုတို့ကို ရက်အကန့်အသတ်မရှိ ရပ်နားထားသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် အလုပ်သမားညွှန်ကြားရေးမှုးတို့ကြား သဘောတူထားကြောင်း သတင်းဌာနဖော်ပြချက်တို့အရ သိရသည်။

    ထို့ကြောင့် မွန်နှင့်ကရင်ပြည်နယ်မှ အထောက်အထားမဲ့မြန်မာလုပ်သားတို့ ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင်ဝင်ရောက်မှု တစ်ဖန်ပြန်တိုးလာနေပြီး ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးအပတ်အတွင်း ထိုင်းနိုင်ငံ စံခရလပူရီနှင့် ကန်ချနပူရီနယ်အာဏာပိုင်တို့ထံ အထောက်အထားမဲ့မြန်မာလုပ်သား ၃၀၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks