spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲနှင့် လမ်းပိတ်နေခြင်းကြောင့် ရေးဒေသခံများ စားနပ်ရိက္ခာ ကြိုတင်စုဆောင်းနေ

    တိုက်ပွဲနှင့် လမ်းပိတ်နေခြင်းကြောင့် ရေးဒေသခံများ စားနပ်ရိက္ခာ ကြိုတင်စုဆောင်းနေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် အရှေ့ဘက်ဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အပြင် စစ်ကောင်စီဘက်က လမ်းပိတ်ဆို့က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ပိတ်ပင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့်ဒေသက ဒေသခံများ စားနပ်ရိက္ခာ ကြိုတင်စုဆောင်းနေကြကြောင်း သိရသည်။

    ကျုံလောင်းရွာဟောင်းဘက် တိုက်ပွဲဖြစ်ပွားပြီးနောက် ရေး-ကျုံလောင်းလမ်းပိုင်းကို စစ်ကောင်စီဘက်က သွားလာခွင့် ကန့်သတ်ပိတ်ပင်လိုက်သလို ကုန်ပစ္စည်းတင်သွင်းခွင့်ကိုလည်း ကန့်သတ်လိုက်သည်။

    လက်ရှိတွင် ရေးတောင်ပိုင်း ခေါဇာ၊ ကျုံးညဲ၊ မိထောလှလေး၊ မိထောလှကြီး၊ မန်းကျည်း စသည့်ကျေးရွာများမှ ဒေသခံများ ဆန်၊ ဆေးဝါးနှင့် အခြား တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းကို ရေးမြို့မှတဆင့် သယ်ယူစုဆောင်းလာကြသည်ဟု သိရသည်။

    “လူတွေက တိုက်ပွဲတွေဖြစ်လာမှာ‌ ကြောက်တယ်လေ။ စစ်ကောင်စီက လမ်းပိတ်လိုက်မှာလည်း ကြောက်‌လို့ ဆန်တွေ၊ စားနိပ်ရိက္ခာတွေ စုဆောင်း‌နေကြတယ်။ အခုချိန်မှာ တိုက်ပွဲဖြစ်ရင် သူတို့ လမ်းပိတ်ပြီး စားစရာတွေ မပေးသယ်ဘူးလေ” ဟု ရေးတောင်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

    ထိုသို့ ကုန်ပစ္စည်းများ စုဆောင်းလာသည့်အခြေအနေကြောင့် ရေး-ခေါဇာလမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့က ကုန်ပစ္စည်းသယ်ဆောင်သည်ကို ကန့်သတ်မှု လုပ်ဆောင်လာနေကြောင်း ရေးဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “ဆန်တွေ အများကြီးသယ်လာရင် သူတို့က မေးပြီး။ မြို့ကနေ ပစ္စည်းတွေ သိပ်မပေးချချင်ဘူး။ တကယ်လို့ ကိုယ်က ဆန်သယ်ချလာရင်၊ ရောင်းဖို့အတွက်ဆိုပြီး သူတို့(စကစ)ဆီကို ဖုန်းအရင်ဆက်ရတယ်။ သူတို့ ခွင့်ပြုမှ ချရတယ်။ ကားတစီးကို နှစ်အိတ်ပဲ ပေးတင်တယ်” ဟု အထက်ပါ အမျိူးသမီးက ပြောသည်။

    စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှုပြုလာကြသည့်အတွက် ဒေသတွင်း ကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများအတွက် ပိုပြီး ခက်ခဲကြပ်တည်းလာစေသည်ဟုလည်း ဆိုသည်။

    ရေး-ကျောင်းရွာလမ်းပိုင်းနှင့် ရေး-ကျုံလောင်းရွာဟောင်းရွာလမ်းပိုင်းကို စစ်ကောင်စီဘက်က စားနပ်ရိက္ခာ သယ်ဆောင်ခွင့်နှင့် အသွားအလာကို ကန့်သတ်ထားသည်မှာ ရက် ၂၀ ကျော် ကြာလာပြီးဖြစ်သည်။

    စစ်ကောင်စီဘက်က စားနပ်ရိက္ခာ သယ်ဆောင်ခွင့် ကန့်သတ်ထားသည့်အတွက် ဒေသတွင်း စားနပ်ရိက္ခာ ‌စျေးမြင့်တက်လာပြီး၊ စာနပ်ရိက္ခာ ပြတ်လပ်မှုပါ စတင်ကြုံတွေ့လာရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks