Sunday, April 12, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ စုံနံသာကျေးရွာဘက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေလို့ ဒေသခံများ ထိန့်လန့်နေ

    ရေးမြို့နယ်၊ စုံနံသာကျေးရွာဘက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေလို့ ဒေသခံများ ထိန့်လန့်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းနှင့် ကျောင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိန့်လန့်နေကြကြောင်း သိရသည်။

    Screenshot

    ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ရေး-မော်လမြိုင်ကားလမ်းပိုင်းတွင် ရေးဘီလူးအဖွဲ့မှ ယာဉ်အသွားအလာများကို စစ်ဆေးနေသည့်သတင်းကြောင့် အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၄၃ နှင့် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးသည် စုံနံ့သာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲနေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် နေရပ် ပြန်လာကြသော်လည်း လက်နက်ကြီးဖြင့် ထပ်ပစ်လာမည်ကို စိုးရိမ်မကင်းဖြစ်နေကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

    “ဘာလုပ်ရမှန်းမသိဘူး။ ကြောက်နေရတယ်။ ကိုယ့်လူနဲ့ကိုယ် စုနေကြတယ်။ ပြေးရရင် အတူတူပြေးရအောင်ပေါ့လေ။ မနေ့က စကစတွေက စုံနံ့သာ စာသင်ကျောင်းမှာ အပြည့်ပဲ” ဟု ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

    လက်နက်ကြီးပစ်ခတ်နေခြင်းအပြင် စုံနံသာကျေးရွာအတွင်းနှင့် စာသင်ကျောင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်နေရာယူထားသည့်အတွက်ကြောင့်လည်း ဒေသခံများအကြား ပိုပြီး ထိန့်လန့်စရာဖြစ်နေသည်။

    စစ်ကောင်စီတပ်များ ကျောင်းတွင် ဝင်ရောက်တပ်စွဲထားသည့်အတွက် စာသင်ကျောင်းကိုပါ ပိတ်ထားရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ယနေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမရှိသော်လည်း ဒေသတွင်း အသွားအလာနည်းပါးသည့်အနေအထားရှိနေသည်ဟု ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အခြေအနေတွေက မအေးဘူး။ မနေ့ကပဲ တော်လှန်ရေးအဖွဲ့တွေ လမ်းစစ်ဆေးတော့ ပစ်ခတ်မှုတွေဖြစ်တယ်။ စကစတွေလည်း စုံနံ့သာကျေးရွာစာသင်ကျောင်းမှာ နေရာယူပြီး ကျောင်းအလံကိုပါ ချလိုက်တယ်။ ဒီနေ့တော့ သူတို့မရှိတော့ဘူး” ဟု ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။

    ရေးမြို့နယ်တွင် လတ်တလော ကျုံလောင်းတိုက်ပွဲကြောင့် ရေးအခြေစိုက် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေ့စဉ်ရှိနေပြီး မြို့အဝင်အထွက်အသွားအလာကို စစ်ဆေးတင်းကြပ်ထားသလို လမ်းပိုင်းပိတ်ဆို့မှုလည်း လုပ်ဆောင်နေသည်ဟု သိရသည်။

    လက်ရှိဖြစ်ပွားနေသည့် ကျုံလောင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနေကြောင်း အထိနာနေသည့် စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လူနေကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်လာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks