spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးတစ်ဦးကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

    မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးတစ်ဦးကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

    -

    မွန်ပြည်နယ်၊ ရေး-မော်လမြိုင် အမှတ် (၈) ကားလမ်းပိုင်းတွင် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ အဖွဲ့တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

    ရေးဘီလူးအဖွဲ့က ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရေး-မော်လမြိုင် ကားလမ်းပိုင်းတွင် စစ်ဆေးမှု ပြုလုပ်စဉ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    “ကျွန်တော်တို့ မနေ့က အစစ်အဆေးပြုလုပ်တဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ထားတာရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ဝန်ထမ်းအပေါင်းအပါတွေ အားလုံးပေါ့နော် အကုန်ပါတယ်။ စစ်ကောင်စီရဲ့ မျိုးနွယ်စုတွေပေါ့ ဒီအခြေအနေကို ကြည့်ပြီးတော့ ကျွန်တော်တို့ အရေးယူမှု တစ်ခုကို ဆောင်ရွက်သွားပါမယ်။ ဒါပေမဲ့ အပြစ်ကတော့ ကြီးကြီးမားမားအပြစ်ထဲမှာ မပါဘူး။ သူက လူမှုဝန်ထမ်းလဲဖြစ်နေတော့ ကျွန်တော်တို့ဘက်ကလည်း ဆောင်ရွက်ရမယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာက အပြစ်တစ်ခုပုံစံမျိုး မဟုတ်ဘဲနဲ့ နောက်နောင် တာဝန်ထဲကနေ သူဆက်ပြီး မပါရှိဖို့ပါဘဲ” ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရေးဘီလူးအဖွဲ့သည့် ၎င်းလှုပ်ရှားနေသည့် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအပြင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူ၊ စစ်ကောင်စီသတင်းပေး၊ ဒလန်ဆိုသူတို့ကို မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

    ရေးဘီလူးအဖွဲ့က ဖမ်းဆီးသွားသူများအနက် အချို့ ပြန်လွတ်လာသော်လည်း အချို့ သတင်းအစအနမရပဲ ပျောက်ဆုံးနေသည်လည်း ရှိနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့က ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးရမိထားသည့် စစ်တပ်သတင်းပေး ဒလန်ဆိုသူ အမျိုးသားတစ်ဦးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်တွင် ထွက်ပေါ်လာခဲ့သေးသည်။

    ရေးဘီလူးအဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်နေသည်ဆိုပြီး လူအခွင့်အရေးအဖွဲ့နှင့် လူ့အခွင့်အရေးအရေး လှုပ်ရှားသူတို့ကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

    ယခုဖြစ်စဉ်ကဲ့သို့ မွန်ပြည်နယ်နှင့် တနင်္သာရီဒေသဘက်က စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးမှုများ ၂၀၂၄ နှစ်ကုန်ပိုင်းနှင့် ၂၀၂၅ အစောပိုင်းကာလတွင် တွေ့လာရကြောင်း လူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဦးဆောင်သူ နိုင်အဲမွန်က “သူတို့ရဲ့ ယုံကြည်ချက်အရဆိုရင် လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့လူတချို့က စကစကို ထောက်ပံ့နေတယ်ဆိုပြီး ဖမ်းတာတွေရှိတယ်။ ကျွန်တော်တို့က သူတို့ရဲ့ နိုင်ငံရေးနောက်ခံ ရပ်တည်ချက်တွေကိုတော့ မသိဘူး။ လူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ပစ်မှတ်ထားပြီး အရေးယူဆောင်ရွက်တာက လူ့အခွင့်အရေး အရ အထူးသဖြင့် IHL လို့ခေါ်တဲ့ နိုင်ငံတကလူ့အခွင့်အရေးဥပဒေအရ ထိခိုက်တယ်။ ဒါ့ပေမဲ့ ဒီလူပုဂ္ဂိုလ်က စကစရဲ့ သတင်းပေးဒလန်ဖြစ်နေမယ်ဆိုရင်တော့ တမျိုးဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့မှာ ပြောပိုင်ခွင့်မရှိဘူး။ ဒီကာလမှာ တဘက်ကလည်း လူမှုရေးလုပ်တယ်။ တဘက်ကလည်း ဒလန်သူလျှို လုပ်နေတာတွေ ရှိတယ်ဗျ။ အဲ့တာကို သူတို့က သတင်းအတိအကျ ရလို့ အရေးယူတာဆိုရင်တော့ ကျွန်တော်တို့က ပြောရဆိုရ ခက်တယ်ဗျ” ဟု မှတ်ချက်ပြုသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် မီးသတ်လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင် ၆ ဦးကို Aung San’s Land Natmauk အဖွဲ့က ဖမ်းဆီးခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks