spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲဖြစ်ပွားနေသည့် ရေးတွင် စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်

    တိုက်ပွဲဖြစ်ပွားနေသည့် ရေးတွင် စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောက်ဘက် တိုက်ပွဲဖြစ်ပွားပြီးနောက် ရေး-ကျောင်းရွာလမ်းပိုင်း စစ်ကောင်စီက စစ်ဆေးမှု တင်းကြပ်ထားသည့်အပြင် စားနပ်ရိက္ခာ တင်သွင်းခွင့်ကိုလည်း ကန့်သတ်ထားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ဇန်နဝါရီ ၁၂ နေ့မှစပြီး စစ်ကောင်စီမှ ကျောင်းရွာပြင်ပနှင့် ရွာအတွင်းသို့ ဆန်၊ စားနပ်ရိက္ခာနှင့် ကုန်ခြောက်များကို အကန့်အသတ်ဖြင့်သာ တင်ဆောင်ခွင့်ပေးထားပြီး သိမ်းဆည်းမှုပါ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာတို့တွင်လည်း ဆန်၊ ဆီ၊ ဆေး အခက်အခဲ ရှိလာသည်ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။

    “မနေ့ကစပြီး ကန့်သတ်တယ်။ ရေးမြို့ကနေ ဆန်တင်လာတာမျိုးလဲမရဘူး။ မနေ့က မွန်ပြည်သစ်နယ်မြေက ရွာတစ်ရွာက ကားတစ်စီးနဲ့ ဒေသခံတွေ စားစရာတွေ ဝယ်လာတာကို စကစက သိမ်းလိုက်တယ်။ ဂိတ်ပုံစံတော့ မဟုတ်ဘူး။ အခု ကျောင်းရွာမှာတော့ ဆန်၊ ဆီ၊ ဆေး ခက်ခဲတယ်။ အခြေအနေအရတော့ ကျောင်းရွာ- ရေးလမ်းကို မသွားရဲ မလာရဲတော့ဘူး” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီဘက်က စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ကျောင်းရွာရှိ စျေးဆိုင်များတွင် ပစ္စည်းပြတ်လာပြီး ဆိုင်အများစု ပိတ်ထားရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    ၎င်းပြင် ယနေ့ မွန်းလွဲပိုင်းအချိန်တွင် ကျောင်းရွာတွင် သေနတ်သံများ ကြားနေရကြောင်း၊ ကျောင်းသားများကိုလည်း နေ့လည်ကျောင်းလွှတ်ပြီးနောက် ကျောင်းပြန်မတက်ရန် ကျောင်းတာဝန်ရှိသူတို့က ပြောထားသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    ကျောင်းရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း“သတင်းမကောင်းနေတော့ ကလေးတွေ ပြန်လာကြတယ်။ အိမ်ပြန်ရောက်ပြီးတာနဲ့ ၅၁၉ တပ်ဘက်က ပစ်ခတ်သံတွေ ကြားရတယ်။ ပြီးတာနဲ့ တပ်ဘက်က အပြင်ကို ပစ်လွှတ်တယ်။ တိုက်ပွဲလား ဘာလားဆိုတာလည်း ကျမတို့ သေချာမသိရသေးဘူ” ဟု ပြောသည်။

    ဒေသတွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အသွားအလာ သတိထားနေရပြီး ကလေးများကိုလည်း ကျောင်းမလွှတ်ရဲကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ကျုံလောင်းရွာဟောင်းဘက် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲသည် ယနေ့ထိ ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲအတွင်း ရေးမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့်အတွက် ကျုံလောင်း၊ ကျောက်မိချောင်း၊ ဝယ်ပေါင်တို့မှ ဒေသခံများ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဘက်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks