spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးတွင် ဧည့်စာရင်းစစ်ရင်း ဒေသခံများကို စစ်ကောင်စီ ဆက်တိုက် ဖမ်းဆီးနေ

    ရေးတွင် ဧည့်စာရင်းစစ်ရင်း ဒေသခံများကို စစ်ကောင်စီ ဆက်တိုက် ဖမ်းဆီးနေ

    -

    မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် စစ်ကောင်စီတပ်တို့က ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်ပြုလုပ်လာပြီး ဧည့်စာရင်းစစ်စဉ် မသင်္ကာသည့် ဒေသခံများကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာနေသည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ညက ရေးမြို့ပေါ် အောင်မေတ္တာ၊ အောင်မင်္ဂလာနှင့် ချောင်းတောင်ရပ်ကွက်တို့တွင် စစ်ကောင်စီက ဧည့်စာရင်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဧည့်စာရင်းစစ်ဆေးစဉ် ဒေသခံ အမျိုးသား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရေးမြို့ခံတို့က ပြောသည်။

    “ခေါ် သွားတဲ့ သူတွေကိုစစ်ဆေးလို့မပြီးသေးဘူးဆိုတော့ပြန်မလွှတ်ပေးသေးဘူးလို့သိရတယ်၊ ရေးမြို့နယ်က လူတွေလည်းပါတယ်၊ အဲ့ရပ်ကွက်ကတော့မဟုတ်ဘူး၊ အသက် ၃၀ အောက် လူငယ်တွေပဲလို့ ကြားတယ်၊ အိမ်ကလူတွေ အဆက်သွယ်မရကြပါဘူး” ဟု ၎င်းကပြောသည်။ 

    စစ်ကောင်စီတပ်တို့က ဧည့်စာရင်းစစ်ဆေးစဉ်တွင် တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားဘဲ ဖမ်းဆီးခေါ်ဆောင်သွားသူများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကောင်စီတပ်တို့က ယခုနောက်ပိုင်းတွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အကြောင်းမကြားပဲ ရပ်ကွက်အတွင်း ရှောင်တခင်ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေသည်ဟု ရေးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    “ဒီနောက်ပိုင်း ဧည့်စာရင်းလာစစ်ရင် အုပ်ကြီးတွေကို အကြောင်းမကြားတာတော့ များပါတယ်။ အရင်လို ဘယ်ရပ်ကွက် သွားစစ်မလဲဆိုတာလည်း မပြောတော့ဘူး။ အဓိကက စစ်သားဦးဆောင်တာပေါ့နော်။ သူတို့လူတွေက ၃၀ ကျော်လောက် ပါလာကြတယ်။ ကားနဲ့ ၅/၆ စီးလောက်လာတယ်။ အခုတလော ၂/၃ ရက် တစ်ခါ ဧည့်စာရင်း လာစစ်နေကျပဲ။ မသင်္ကာသူတွေဆို ခေါ်ထားတယ်။ ဒဏ်ကြေးငွေ ပေးဆောင်ရတာရှိတယ်။ နည်းနည်းအခက်အခဲရှိရင်တော့ ရဲလက်အပ်လိုက်တယ်” ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လတ်တလောတွင် ၁၃/၊ ၁၄/ နှင့် ၅/ မှတ်ပုံတင်ကိုင်ဆောင်သူများကို စစ်ကောင်စီက အဓိကထား စစ်ဆေးနေသည်ဟု ရေးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ ဧည့်စာရင်းစစ်ဆေးစဉ် PDF နှင့်ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် ရေးဒေသခံ ၁၅ ဦးထက်မနည်းရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks