spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ ကျုံလောင်ကျေးရွာဘက်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

    ရေးမြို့နယ်၊ ကျုံလောင်ကျေးရွာဘက်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး နှစ်ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ ၆၁ မှ အင်အား ၂၀၀ ကျော်ခန့်ရှိသည့် စစ်ကြောင်းများ ကျုံလောင်ကျေးရွာဘက် ဝင်ရောက်လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့က ပြောသည်။

    “အခုထိ တိုက်ပွဲဖြစ်နေတယ်။ နှစ်ရက်ဆက်တိုက်ပဲ။ အခုက သူတို့ (စကစ) ဘက်က အင်အား ၂၀၀ ကျော်လောက်က ကျုံလောင်ဘက်ကို စစ်ကြောင်းထိုးပြီး တိုက်ခိုက်နေတယ်။ ရေးမြို့နယ် ခလရ ၆၁ ကနေ ဒီဘက်ကို ဝင်လာတာ ဖြစ်တယ်။ အခု လက်ရှိက လက်နက်ကြီးနဲ့ပစ်တာတွေရော ထိတွေ့တိုက်ပွဲရော ဖြစ်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိကြောင်း သိရသည်။

    တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင်း ကျုံလောင်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝယ်ဇင်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်တို့က ပြောသည်။

    ကျုံလောင်းရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနိုင်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

    “အခုချိန်အထိတော့ လက်နက်ကြီးအသံတွေက ဆက်တိုက်ပါပဲ။ တစ်နေကုန်ကို ပစ်ခတ်နေတာ။ စစ်ကောင်စီတပ်သားတွေက ဘိုကလေးဘုရားဘက်ကနေ ကျုံလောင်ဘက်ကို စစ်ကြောင်းထိုးလာရင်း တော်လှန်ရေးတပ်ဘက်က ကြားဖြတ်တိုက်ခိုက်တာ။ အဲကြောင့် စကစဘက်က အများကြီး ကျသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကျုံလောင်ကျေးရွာဘက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိလာသည့်သတင်းကြောင့် ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက ဒေသခံအခြေစိုက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့သည်။

    လက်ရှိတွင် ရေးချောင်းဖျားအတက်အဆင်းလမ်းကို စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ထားသည့်အပြင် လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးမှု တင်းကြပ်နေကြောင်း ရေးဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks