spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းမှ အတန်းကြီး ကျောင်းသား/သူများကို မိဘများမှထိုင်းသို့အလုပ်လုပ်ရန် ကျောင်းထုတ်ခေါ်ယူမှုများနေ

    မွန်အမျိုးသားကျောင်းမှ အတန်းကြီး ကျောင်းသား/သူများကို မိဘများမှထိုင်းသို့အလုပ်လုပ်ရန် ကျောင်းထုတ်ခေါ်ယူမှုများနေ

    -

    မွန်အမျိုးသားကျောင်းအတွင်း ပညာသင်ကြားနေသည့် အတန်းကြီးအရွယ် ကျောင်းသား/သူတို့ကို မိဘ အိပ်ထိန်းသူတို့မှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ကျောင်းထုတ်ခေါ်ယူမှု များလာနေသည်ဟု မွန်အမျိုးသားကျောင်းဆရာတို့မှ သိရသည်။

    မိဘအုပ်ထိန်းသူအများစုတို့သည် ထိုင်းနိုင်ငံသို့အလုပ်လုပ်နိုင်ရေး လိုအပ်သည့် (passport) စာအုပ်ပြုလုပ်ရန်ဆိုကာ အဆိုပါအလုပ်လုပ်နိုင်သည့် အတန်းကြီးအရွယ်ကျောင်းသား/သူတို့ကို ကျောင်းမှနှုတ်ထွက်စေမှု ဆက်တိုက်ရှိနေသည်ဟု ကျောင်းဆရာတစ်ဦးက ဆိုသည်။

    "မိဘတွေကတော့ ထိုင်းမှာ အလုပ်သမားအသစ်တွေကို ဘတ်လုပ်ပေးနေတယ်၊ passport လုပ်ပေးနေတယ်ဆိုပြီး အဲလိုအတန်းကြီးအရွယ် အလုပ်လုပ်နိုင်တဲ့အရွယ် ကလေးတွေကို ကျောင်းကနေခေါ်ထုတ်ပြီး မိဘတွေနဲ့အတူ လိုက်သွားပြီး ထိုင်းမှာအလုပ်သွားလုပ်ရတာ ဒီတလောများမှများပဲ၊ ဒီကိစ္စက မွန်အမျိုးသားကျောင်းတိုင်းမှာ ကြုံနေရတယ်လို့တောင် ပြောလို့ရတယ်"ဟု ပြောသည်။

    အဆိုပါ ထိုင်းနိုင်ငံအတွင်း အလုပ်သမားကဒ်ပြုလုပ်ရန်၊ passport ပြုလုပ်ရန်ဆိုသည့် မိဘအုပ်ထိန်းသူတို့၏ အကြောင်းပြပြောဆိုမှုကို မွန်အမျိုးသာကျောင်းတာဝန်ရှိသူ၊ ကျောင်းဆရာ ဆရာမနှင့် ကျောင်းအုပ်ကြီးတို့မှ လက်မခံသော်လည်း သားသမီးတို့ကို မိဘဖြစ်တူတို့နှင့်အတူ ထိုင်းနိုင်ငံသို့ ခေါ်ထုတ်သွားနေကြောင်း သိရသည်။

    "ကျနော်တို့ကျောင်းမှာတော့ မိဘကခေါ်ထုတ်သွားတာ ၁၀ ယောက်လောက်ရှိပြီး၊ သူတို့ ကျောင်းထုတ်ဖို့ လာပြောတုန်းကလည်း ကျနော်တို့ခွင့်မပြုဘူး၊ အခက်အခဲတွေဘာရှိလဲပေါ့ ကျနော်တို့ တတ်နိုင်သလောက်ကူညီပေးမယ်လို့ပြောပေမဲ့ မိဘတွေက နားမဝင်ဘူး၊ ကလေးတွေကိုအတင်းပဲခေါ်ထုတ်တယ်၊ ကျောင်းစည်းကမ်းအရကတော့ လောလောဆယ် မိဘတွေခေါ်ထုတ်သွားပေမဲ့လည်း ကျောင်းသားစာရင်းထဲမှာ ကလေးနာမည်မဖျက်သေးဘူးပေါ့နော်၊ ဒါပေမဲ့ ၃ လပြည့်လို့ မပေါ်လာသေးရင်တော့၊ ကျောင်းသားစာရင်းကနေ နာမည်ဖျက်လိုက်ရတော့မယ်ပေါ့’’ ဟု မွန်အမျိုးသား မူလတန်းကျောင်းမှ ဆရာမတစ်ဦးက ဆိုသည်။

    ပျှမ်းမျှအားဖြင့် ကျောင်းကြီးတစ်ကျောင်းတွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် အတင်းကျောင်းထွက်ခဲ့ရသည့် ကျောင်းသား/သူ ၂၀ ဦးဝန်းကျင်၊ ကျောင်းငယ်တစ်ကျောင်းလျှင် ပျမ်းမျှ ၁၀ ဦးအထိရှိပြီး ထိုင်းနိုင်ငံအတွင်း ဘတ်ဖွင့်ပေးချိန်၊ အလုပ်သမားကဒ်နှင့် passport ပြုလုပ်ပေးချိန်တွင် အဖြစ်များလျှက်ရှိသည်။

    စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား/သူတို့ မွန်အမျိုးသားကျောင်းအတွင်း ပြောင်းရွေ့ပညာသင်ကြားလာပြီး မိဘအုပ်ထိန်းသူတို့လည်း ထိုင်းနိုင်ငံအပြင် အခြားပြည်ပနိုင်ငံအသီးသီးသို့ အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks