Homeသတင်းစစ်ကောင်စီလက်ထက် လျှပ်စစ်မီးရရှိမှု အဆိုးရွားဆုံးအခြေအနေရောက်လာ

စစ်ကောင်စီလက်ထက် လျှပ်စစ်မီးရရှိမှု အဆိုးရွားဆုံးအခြေအနေရောက်လာ

-

စစ်တပ်အာဏာသိမ်း ၄ နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားပေးမှုကို စစ်ကောင်စီက ထပ်မံလျှော့ချလိုက်သည်။

စစ်ကောင်စီ၏ စာရင်းအရ ၂၀၂၅ ခုနှစ်မှ စတင်ကာ တစ်ရက်လျှင် လျှပ်စစ်မီး ၈ နာရီသာ ရရှိမည်ဖြစ်ပြီး ၁၆ နာရီ မီးပျက်မည်ဖြစ်သည်။

သို့သော် စစ်ကောင်စီက ကြေညာထားသည့် သတ်မှတ်ချက်အတိုင်း လျှပ်စစ်မီးအချိန်ပြည့်အောင် မပေးဟု ရန်ကုန်မြို့ခံပြည်သူတို့က ပြောသည်။

“မီးကလာမဲ့အချိန်ဆိုရင် ၅ မိနစ်လောက် နောက်ကျမှ လာတယ်။ ပြီးရင် နာရီဝက် တစ်နာရီလောက်စောပြီး ပျက်တယ်။ မီးပဲ ပျက်တာလားဆိုတော့ ရေကလည်းမလာဘူး။ ရန်ကုန်မှာက မီးရမှ ရေတင်လို့ရတာလေ မီးလာတဲ့အချိန်ခနလေးမှာတောင် ရေမလာတော့ ဒုက္ခတော်တော်ရောက်ပါတယ်။ ထမင်းအိုးတွေပစ်ရတာလည်း များပါပြီ” ဟု ဒေါပုံမြို့နယ်မှ မဖူးဖူးက ပြောသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုသည် ယခင်ကာလများထက် ၅၀ ရာခိုင်နှုန်းနီးပါ လျော့ကျသွားကြောင်း စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ဖူးသည်။

စစ်ကောင်စီလက်ထက် လျှပ်စစ်မီးပေးမှုအခြေအနေကြောင့် စက်မှုဇုန်များရှိ စက်ရုံအချို့ လုပ်ငန်းပိတ်သိမ်းရမှုများလည်း ရှိလာနေသည်။

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်တွင်လည်း မီးပျက်ချိန် မရှိသလောက်နည်းပါးခဲ့သော်လည်း ယခုအခါ နေပြည်တော်ရှိ ဌာနဆိုင်ရာများနှင့် ဝေးသော ရပ်ကွက်များတွင်ပါ မီးပျက်ချိန်ကြာလာကြောင်း သိရသည်။

“အရင်ကမပျက်ဖူးဘူး။ အခုနောက်ပိုင်းဆိုးလာတယ်။ သူတို့(စစ်ကောင်စီ) အတင်းရောင်းနေတဲ့ လျှပ်စစ်ကား (EV) ကားတွေတောင် အားသွင်းဖို့ မီးစက်နှိုးသွင်းနေရတယ်” ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီက သတင်းစာများ၊ နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများတွင်ပင် လျှပ်စစ်မီးကို ချွေတာရန်၊ ရေကို ချွေတာသုံးရန်အတွက် နှိုးဆော်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts