Homeသတင်းစစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းရွာ နေအိမ်အချို့ ထိခိုက်ပျက်စီး

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းရွာ နေအိမ်အချို့ ထိခိုက်ပျက်စီး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်၊ ည ၉နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောင်းရွာ အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၉၁ က လူနေရပ်ကွက်များရှိရာသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး နေအိမ် ၂ လုံး အနည်းငယ်ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။

“ညက လက်နက်ကြီး ၂ လုံး ပစ်ထည့်လိုက်တယ်၊ ကျောင်းရွာထိပ်က ဘောလုံးကွင်း အနားမှာရှိတဲ့ အိမ်နှစ်အိမ်ကြားမှာ တစ်လုံးကျသွားတယ်၊ အိမ်တွေ နည်းနည်းပါးပါးထိတယ်၊ ကွန်ကရစ်အိမ်သာတစ်လုံးတော့ ပြိုသွားတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။

နောက်ထပ်ပစ်ခတ်လိုက်သော အခြားလက်နက်ကြီးတစ်လုံးသည် ကျောင်းရွာကျေးရွာ၏ အရှေ့ဘက် ရော်ဘာခြံထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် ရော်ဘာပင်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ကျောင်းရွာအခြေစိုက် စစ်ကောင်စီတပ်တို့သည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိသဖြင့် ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံပြည်သူများရှိသလို ရွာအတွင်း မနေရဲတော့ဘဲ အခြားမြို့နယ်နှင့် ကျေးရွာများသို့ ပြောင်းရွှေ့သွားကြသူများလည်းရှိသည်ဟု ဆိုသည်။

“ရွာထဲမှာ လူတွေ သိပ်မရှိတော့ဘူး၊ ပြောင်းရွှေ့လိုက်ကုန်ပြီ၊ နိုင်ငံခြားထွက်တဲ့လူကထွက်၊ နယ်ပြောင်းတဲ့လူက ပြောင်း၊ အခုရွာထဲမှာ ခြံလုပ်တဲ့လူနဲ့ ဈေးရောင်းတဲ့သူလောက်ပဲ ကျန်တော့တယ်” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ကျောင်းရွာကျေးရွာ၌ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သား ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts