spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းလောင်းလုံးတွင် ဖမ်းဆီးခံထားရသည့် သန်းခေါင်စာရင်းကောက်ယူသူ ၉ ဦး ပြန်လွတ်လာ

    လောင်းလုံးတွင် ဖမ်းဆီးခံထားရသည့် သန်းခေါင်စာရင်းကောက်ယူသူ ၉ ဦး ပြန်လွတ်လာ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံ တစ်လကျော်ကြာ ဖမ်းဆီးခံထားသည့် သန်းခေါင်စာရင်းကောက်ယူသူ ၉ ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လွတ်မြောက်လာပြီး ဖြစ်သည်ဟု လောင်းလုံး ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က လောင်းလုံးမြို့နယ်၊  ရေဖြူကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူနေသည့်  စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်း ၉ ဦးကို စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဖမ်းဆီးထားသည့်ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီအဖွဲ့နှင့်မပူးပေါင်းရန်၊ CDM ဝင်ရန် ခံဝန်လက်မှတ်ထိုးစေပြီးနောက် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းကာ  ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

    “ဘာပဲလုပ်လုပ် စစ်တပ်နဲ့ ပေါင်းမလုပ်ဖို့ပေါ့။ ပြီးတော့ ခံဝန်လက်မှတ်ထိုးခိုင်းတယ် CDM လုပ်မယ်ဆိုပြီး တော့ပေါ့။  ပြီးတော့မှ ပြန်လွှတ်ပေးလိုက်တယ်။ မိသားစုဝင်တွေက အဲ့လိုပြောတာပဲ” ဟု လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။

     ဖမ်းဆီးခံထားရသူတို့အနက် ကျန်းမာရေးချို့တဲ့သူအချို့ ဆေးဝါးကုသခွင့် အပြည့်အဝ မရခဲ့သည့်အပြင် မိသားစုဝင်တို့နှင့်လည်း လုံးဝဆက်သွယ်ခွင့်မရခဲ့ကြောင်း သိရသည်။

    လောင်းလုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးသည့်အဖွဲ့အပြင် တော်လှန်ရေးအဖွဲ့နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့မှ ဒေသခံနှင့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတို့ကို မကြာခဏ ဖမ်းဆီးလျှက်ရှိပြီး လူမသိသူမသိ သေဆုံးပျောက်ဆုံးမှုလည်း တိုးလျှက်ရှိသည်။

    တော်လှန်ရေးကာလအတွင်း ဒေသခံတို့ လူမသိသူမသိ သေဆုံးပျောက်ဆုံးနေသည့်အပေါ် တော်လှန်ရေးအင်အားစုတို့အနေဖြင့်လည်း အမှန်တရားပေါ်ပေါက်ရန် ဝိုင်းဝန်းဖြေရှင်းသင်းကြောင်း သပိတ်ကော်မတီ(ထားဝယ်ခရိုင်)မှ လူထုစည်းရုံးရေးတာဝန်ခံ မင်းလွင်ဦးကဆိုသည်။

    “ဒီတော်လှန်ရေးကြားကာလထဲမှာပေါ့ လူမသိသူမသိ ပျောက်ဆုံးသွားတဲ့  အရပ်သားပြည်သူတော်တော် များများ ရှိတယ်၊ မိသားစုဝင်တွေသေသလားရှင်သလား မသိရတဲ့ပြဿနာဖြစ်ရတဲ့ အထိပေါ့နော်၊ကျနော်တို့အထူးသဖြင့် ဒီတော်လှန်ရေးတပ်ဖွဲ့တွေ ထိုက်သင့်သလောက် စိုးမိုးထားတဲ့ဧရိယာထဲမှာ ဒီလိုမျိုးဖြစ်တဲ့ဟာကမဖြစ်သင့်ဘူး၊ ဒီလိုမျိုး case ဖြစ်တယ်ဆိုရင်တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေအနေနဲ့လည်း တာဝန်ယူဖြေရှင်းပေးဖို့လိုတယ်။ နောက်ပြီး NUG ရဲ့ MOJ ဆိုတာ  ရှိတယ်၊ ဒါမဲ့ပေမဲ့ မြေပြင်အထိ ထိထိမိမိ မလုပ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်" ဟု ၎င်းကပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာ သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်နေသည့် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆရာမ ၈ ဦးတို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့နှင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသေးကြောင်း သိရသည်။

    ရာမညအင်စတီကျူမှ လစဉ်အစီရင်ခံစာအရ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တနသာင်္ရီတိုင်းတွင် အရပ်သားပြည်သူများအကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၂၈  ဦးထက်မနည်းရှိပြီး အများစုသည် စစ်မှုထမ်းရန်နှင့် လူသားဒိုင်အဖြစ် ရည်ရွယ်၍ဖမ်းဆီးခံနေရကြောင်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks