spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဝါဒဖြန့်မှုဘာသာရပ် သင်ကြားရန်အတွက် ဆရာဖြစ်သင်တန်း ပို့ချပေးနေ

    မွန်ပြည်နယ်တွင် ဝါဒဖြန့်မှုဘာသာရပ် သင်ကြားရန်အတွက် ဆရာဖြစ်သင်တန်း ပို့ချပေးနေ

    -

    မွန်ပြည်နယ်တွင် စစ်ကောင်စီက ဥပဒေအသိပညာပြန့်ပွားရေးဟု အမည်တပ်ပြီး ဝါဒဖြန့်ချိမှု ဘာသာရပ်ကို သင်ကြားရန် ဆရာ/မများကို ဆရာဖြစ်သင်တန်းပို့ချပေးလျှက်ရှိကြောင်း ဒေသ တွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

    အဆိုပါသင်တန်းကို မော်လမြိုင်မြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း အုပ်ဆရာမအချို့အပါဝင် အထက်တန်းပြ ဆရာ/မ စုစုပေါင်း (၉၈) ဦးတို့ကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆရာအဖြစ်သင်တန်းပို့ချပေးနေသည်ဟု ပညာရေးဝန်းထမ်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “သင်တန်းမှာက အထက်တန်းကျောင်းဆရာမနဲ့ အချို့ကျောင်းအုပ်တွေ ပါတယ်။ သင်တန်းခေါ် ပြီးတော့ ကျောင်းမှာ ကျောင်းသူ/ သားတွေကို ဒီနိုင်ငံတော်စစ်ကောင်စီကနေ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို တစ်ဖန်မျှဝေဖို့၊ သင်ကြားစနစ်နည်းနာတွေပေါ့” ဟု ပြောသည်။

    ယခုလက်ကျန်စာသင်နှစ် သို့မဟုတ် လာမည့်ပညာသင်နှစ်များတွင် စစ်တပ်က ရေးဆွဲအတည်ပြု ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်မှုထမ်းဥပဒေနှင့် အာဏာရှင်စနစ် ဆန့်ကျင်သော အင်အား စုများကို အရေးယူနိုင်ရေး ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက်ဥပဒေစသည့်ဥပဒေတို့ကို ဘာသာရပ်တစ်ခုအဖြစ် အခြေခံပညာကျောင်းများတွင် ထည့်သွင်းသင်ကြားနိုင်ရန် စစ်ကောင်စီ က ပြင်ဆင်နေသည်ဟု မြန်မာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ပြောဆိုထား သည်။

    ယခုသင်တန်းကို စစ်ကောင်စီလက်အောက်ခံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်းကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး မွန်ပြည်နယ်အပါဝင် ရန်ကုန်၊ မကွေး၊ ရှမ်းပြည် နယ်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ကြီးများတွင်လည်း ပို့ချပေးနေကြောင်း BACS အဖွဲ့၏ ရေးသားဖော်ပြချက်အရ သိရသည်။

    “ဥပဒေပညာရပ်ကို တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသကဲ့သို့ Grade 11 နှင့် Grade 12 အတန်းများတွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များကို သင်ကြားပို့ချပေးကြရမည်ဖြစ်” ဟု နိုဝင်ဘာလ ၄ ရက်က ကျင်းပခဲ့သည့် ဥပဒေအသိပညာပြန့်ပွာရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၁) ဖွင့်ပွဲအခမ်းအနားတွင် စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်ဖြစ်သူ ဦးအောင်ကြည်သိန်းက ပြောဆိုထားသည်။

    စစ်ကောင်စီတပ်က ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်၊ စည်းရုံးရေးကိစ္စရပ်များကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ရပ်ဝန်းတို့ဆီကို ဦးတည်လုပ်ဆောင် နေခြင်းဖြစ်သည်ဟု မြန်မာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ပြောသည်။

    စစ်ကောင်စီအနေဖြင့် ၎င်းတို့ကျုးလွန်ခဲ့သော ရာဇဝတ်မှုများကို တတ်နိုင်သမျှ ဖျောက်ဖျက်နိုင် ရေးအတွက် လူငယ်များကို အသုံးချပြီး ဝါဒဖြန့်ရန် လုပ်ဆောင်နေကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက ဆိုသည်။

    “ဒါက သူတို့ (စကစ) အတွက်စည်းရုံးမှုတစ်ခုပါပဲ။ မကောင်းတဲ့ လုပ်ရပ်တွေကို မပေါ်ဖို့ စည်းရုံတဲ့ နည်းပေါ့။ သူတို့က ဘယ်လိုမျိုးကောင်းကျိုးတွေကို လုပ်ဆောင်ပေးနေသလဲ၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် ဘာတွေလုပ်ပေးနေလဲ၊ ပညာရေး၊ စီးပွားရေး ဘယ်လိုမျိုးတိုးတက်အောင် လုပ်နေလဲ အဲဒါကိုပဲ သူတို့ပြချပြီးတော့ တစ်ဖက်မှာ သူတို့လုပ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မျက်နှာ ဖုံးနဲ့ ဖုံးထားတယ်။ အဲဒီတော့ ဘာမှသိရှိထားမှုမရှိတဲ့ သူတို့လက်ခုပ်ထဲက ကလေးတွေကို ဆရာမ ပြောတဲ့စကားအတိုင်း ကျောင်းအုပ်က ပြောတဲ့စကားအတိုင်း သူတို့လိုက်နာရုံပဲပေါ့” ဟု ပြော သည်။

    အခြေခံပညာရေးစနစ်တွင် ယခုလို ဥပဒေဘာသာရပ်ကို ထည့်သွင်းသင်ကြားခြင်းသည် အကျိုး သက်ရောက်မှုမရှိကြောင်း နိုင်ငံရေးလှုပ်ရှားသူများက ဝေဖန်နေကြပြီး ယခင် ပညာရေးစနစ်အရ ဥပဒေသပညာရပ်ကို တက္ကသိုလ်အဆင့်ရောက်မှသာ သီးသန့်ပညာရပ်အဖြစ် သင်ကြားပို့ချပေးခဲ့ ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks