Homeသတင်းစစ်ကောင်စီကို ဝေဖန်မှုကြောင့် မော်လမြိုင်မြို့ခံ လူငယ်နှစ်ဦး ဖမ်းဆီး အမှုဖွင့်ခံရ

စစ်ကောင်စီကို ဝေဖန်မှုကြောင့် မော်လမြိုင်မြို့ခံ လူငယ်နှစ်ဦး ဖမ်းဆီး အမှုဖွင့်ခံရ

-

မွန်ပြည်နယ် မော်လမြိုင်မြို့ ခြောက်မိုင် ကျွဲခြံကုန်းရပ်ကွက်နေ လူငယ်နှစ်ဦးသည် ၎င်းတို့၏ လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားပြောဆိုမှုကြောင့် ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးအမှုဖွင့်ခံလိုက်ရတဲ့ ကိုရဲထက်နိုင်နဲ့ ကိုမင်းထက်နိုင်တို့ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ် လှုံ့ဆော်ရေးသားမှုများ လုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

အဆိုပါ လူငယ်နှစ်ဦးကို နိုဝင်ဘာ ၂ ရက်နေ့က မြိုင်သာယာမြို့မ ရဲစခန်း၌ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ သိရသလောက်က အဲဒီကောင်လေး နှစ်ယောက်က ခြောက်မိုင်မှာ ပိတ်ဆို့စစ်ဆေးနေစဉ် အဖမ်းခံရတာ။ ဖုန်းထဲမှာ စစ်ကောင်စီကို ဝေဖန်ထားတာ တွေ့လို့ရှိပြီး ဖမ်းဆီးသွားတာ။ မိသားစုနဲ့တော့ တွေ့ခွင့်ရတယ်”လို့ ယင်းဖြစ်စဉ်ကို သိရှိတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ လူငယ်နှစ်ဦးကို မြိုင်သာယာမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး လက်ရှိ မော်လမြိုင်မြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရကြောင်း သိရသည်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Internet Project ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းတွင် ယခုနှစ် ဩဂုတ်မှ အောက်တိုဘာလကုန်အထိ သုံးလအတွင်း လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် ပြည်သူ ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts