spot_img
Thursday, December 5, 2024
More
    spot_img
    Homeသတင်းမုဒုံ သစ်ပါးလွှာစက်ရုံတစ်ခုက မန်နေဂျာနှစ်ဦးကို NMSP-AD ဖမ်းဆီး

    မုဒုံ သစ်ပါးလွှာစက်ရုံတစ်ခုက မန်နေဂျာနှစ်ဦးကို NMSP-AD ဖမ်းဆီး

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွှဲကျေးရွာရှိ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက မန်နေဂျာနှစ်ဦးကို မွန်ပြည်သစ်ပါတီ NMSP-AD က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

    ကျိုက်ရွှဲကျေးရွာရှိ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက မန်နေဂျာနှစ်ဦးကို နိုဝင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD က အတည်ပြုပြောဆိုသည်။

    မွန်ပြည်သစ်ပါတီ NMSP-AD က ၎င်းတို့လှုပ်ရှားရာဒေသက စီးပွားရေးလုပ်ငန်းရှင်များ ခေါ်ယူတွေ့ဆုံလျက်ရှိကြောင်း ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံကိုလည်း ၎င်းတို့နှင့်အဆက်အသွယ်လုပ်ရန် အကြောင်းကြားခဲ့သော်လည်း အဆက်အသွယ်မပြုခဲ့သည့်အတွက် ယခုလို ဖမ်းဆီးရခြင်းဖြစ်ကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညာမွန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မြန်မာဟွန်ဒါသစ်ပါးလွှာစက်ရုံက မန်နေဂျာနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာက ကျနော်တို့ NMSP-AD အဖွဲ့ပဲ။ ဘာလို့လဲဆိုတော့ ဒီမွန်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး ကျနော်တို့နဲ့ အဆက်သွယ်ယူကြပါလို့ ပြောထားတာ ကြာပြီ။ ကျနော်တို့လည်း သူတို့နဲ့ အဆက်သွယ် လုပ်တယ်။ သူတို့က ပြန်ပြီး အဆက်သွယ်မလုပ်လို့ ဝင်ရောက်ဖမ်းဆီးရတာ ဖြစ်တယ်” ဟု နိုင်ဗညာမန်က ပြောသည်။

    ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက မန်နေဂျာနှစ်ဦးကို မွန်ပြည်သစ်ပါတီ NMSP-AD က နိုဝင်ဘာလ ၈ ရက်နေ့ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

    မွန်ပြည်သစ်ပါတီ NMSP-AD လှုပ်ရှားရာနယ်မြေဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်းများ NMSP-AD နှင့် အဆက်အသွယ်လုပ်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်းလည်း မွန်ပြည်သစ်ပါတီ မွန်ပြည်သစ်ပါတီ NMSP-AD က ပြောသည်။

    “အဓိကပြောချင်တာက ကျနော်တို့လှုပ်ရှားတဲ့ နယ်မြေဒေသက စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး ကျနော်တို့နဲ့ အရင်ဆုံး အဆက်သွယ်ယူကြပါ။ တိုးဂိတ်မှာရှိတဲ့ လူတွေကအစ ကျနော်တို့နဲ့ လာရောက် အဆက်သွယ်ယူကြပါလို့ Message ပေးချင်ပါတယ်” ဟု နိုင်ဗညာမွန်က ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီ NMSP-AD သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP မှ ခွဲထွက်ကာ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

    မွန်ပြည်သစ်ပါတီ NMSP-AD သည် မွန်ပြည်နယ်အပြင် ကရင်၊ တနင်္သာရီဒေသတွင် လှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီနှင့် စစ်ကောင်စီ ထောက်တိုင် ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူ၊ သတင်းပေးများကို မကြာခဏရှင်းလင်းလေ့ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts