spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းသထုံ-ဘီးလင်း-ကျိုက်ထိုမြို့အဝင်ဂိတ်များတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် BGF တို့က ဂိတ်ကြေး တိုးကောက်လာဟု ဆို

    သထုံ-ဘီးလင်း-ကျိုက်ထိုမြို့အဝင်ဂိတ်များတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် BGF တို့က ဂိတ်ကြေး တိုးကောက်လာဟု ဆို

    -

    မွန်ပြည်နယ်၊ မော်လမြိုင် – ရန်ကုန်ကားလမ်းပေါ်ရှိ သထုံ-ဘီးလင်း-ကျိုက်ထိုမြို့ အဝင်ဂိတ် များတွင် ဖြတ်သန်းသွားလာသည့် ယာဥ်များကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် BGF တို့က ဂိတ်ကြေးအဆမတန်တိုးကောက်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

    မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်ရှိ သထုံ-ဘီးလင်း-ကျိုက်ထို လမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့နှင့် BGF တို့က ဂိတ်ထိုင်လျှက်ရှိပြီး ကုန်တင်ယာဉ်များအပြင် အခြားယာဉ်ငယ်များကိုပါ သတ်မှတ်နှုန်းထားမရှိဘဲ ကျပ်ငွေသောင်းဂဏန်အထိ ကောက်ခံနေခြင်း ဖြစ်သည်။

    “သူတို့က လုံခြုံရေး မစစ်ဘဲ အိမ်စီးကားတစ်စီးကို ၅၀၀၀ ကျပ်ကောက်ပြီး လုပ်စားနေတယ်။ အောက်ခြေက လုပ်စားနေတာကို အပေါ်က မသိတာလား၊ ဂိတ်ကြေးရထားလို့ လုပ်စား စေချင်တာလား မသိ၊ သူတို့အဲဒီလိုကောက်နေတော့ ကုန်ဈေးနှုန်းကိုထိ တာပေါ့” ဟု ပေါင်မြို့နယ် ယာဉ်မောင်းတစ်ဦးက ပြောသည်။

    ယခုနှစ် စက်တင်ဘာလ မတိုင်ခင်က ဂိတ်တစ်ခုကို ယာဉ်ငယ်တစ်စီး ၁၀၀၀ ကျပ် ကောက်ခံရာ ကနေ လက်ရှိ ၅၀၀၀ ကျပ်အထိလည်ကောင်း၊ ကုန်တင်ယာဉ်တစ်စီးကို ၅၀၀၀ ကျပ်မှ ငါး သောင်းကျပ်အထိလည်ကောင်း တိုးမြှင့်ကောက်ယူလာသည်ဟု ဆိုသည်။

    “ဘီလင်းမှာ မစော၊ ကျုံအိတ်၊ သဲဖြူချောင်းနဲ့ မြို့ဝင်ဂိတ်တွေ အဆိုးဆုံးပဲ၊ လမ်းပျက်စီးပြီး ပြန်ပြင်ဆင်ပြီးနောက် စကောက်တော့တာပဲ၊ အခုတလော ပိုဆိုးလာတယ်၊ ကားသမားတွေ ပေးမှ ဆက်သွားလို့ ရတယ်၊ မပေးရင် ရပ်ခိုင်းထားတော့ အနောက်က ကားတန်းတွေ ရှိနေပြန်” ဟု အထက်ပါ ယာဥ်မောင်းက ဆက်ပြောသည်။

    သထုံ-ဘီးလင်း-ကျိုက်ထို လမ်းမတလျှောက်ရှိ စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် BGF တပ်တို့၏ ဂိတ်ပေါင်း ၁၀ ခုကျော်ရှိနေပြီး ယင်းကဲ့သို့ ဂိတ်ကြေးများ ပိုမိုတိုးကောက်လာမှုကြောင့် နေ့စဉ် ဝင်ငွေသိန်းနှင့်ချီ ရရှိနေသည်။

    တစ်ဖက်တွင်လည်း ကုန်စည်စီးဆင်မှုအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲအချို့ ပြန်လည်ကောင်းမွန်လာသော်လည်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ယခင်ကထက် ဂိတ်ကြေးပေးဆောင်ရမှု အဆမတန်းမြင့်တက်လာသည်ဟု ဆိုသည်။

    “ပြည်သူတွေနစ်နာတာပေါ့၊ စားဆီတစ်ပုံကို တစ်သောင်းကျတယ်ဆိုရင် သယ်ယူခရော လမ်းကြေးပေးရတာရော ၃ သောင်းလောက်ဖြစ်သွားတယ်ဆိုတော့ ဆီတစ်ပုံ ၅ သောင်းဖြစ် သွားတယ်၊ သူတို့က ပိုက်ဆံတောင်းဖို့ အဓိက ဖြစ်နေတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

    မော်လမြိုင်-ရန်ကုန် ကားလမ်းမပေါ်တွင် စစ်ဆေးရေးဂိတ်စခန်းများ ဖွင့်လှစ်ပြီး ငွေကြေး ကောက်ခံမှုများပြုလုပ်နေသည့်အပြင် ဒေသခံနှင့် ခရီးသွားပြည်သူအချို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးကာ မသကာႅစရာအချက်အလက်များ တွေ့ရှိပါက ဖမ်းဆီးရိုက်နှက် ငွေညှစ်တောင်းခံမှုများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks