Sunday, March 8, 2026
More
    spot_img
    Homeသတင်း၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးသွားသည့် တပ်သားများအတွက် TNLA အလှူပြုလုပ်

    ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးသွားသည့် တပ်သားများအတွက် TNLA အလှူပြုလုပ်

    -

    ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရင်း အသက်ပေးသွားခဲ့ကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA တပ်မတော်သားများနှင့် ပူးပေါင်းတပ်များအတွက် ရည်စူးပြီး အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်သည်။

    အလှူဒါနကို အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    အသက်ပေးသွားခဲ့ကြသည့် တပ်မတော်သားများသည် တအာင်းပြည်လွတ်မြောက်ရေး၊ တိုင်းရင်းသားပြည်သူလူထုများကို ရက်ရက်စက်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ကြရသည်ဟု ဆိုသည်။

    စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုကို တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်များကို မိမိတို့ PSLF/TNLA နှင့် ပြည်သူလူထုတို့က အစဉ်အောက်မေ့ ဂုဏ်ယူကာ သမိုင်းမှတ်တမ်းတင်သည်ဟု TNLA ထုတ်ပြန်ထားသည်။

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)တွင် တအာင်းတပ်မတော်မှ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြိုတိုကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင်လည်း လက်ကျန်မြိုဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြိုနယ်တိုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်တွင် တောင်းခမ်းစခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိသည်ဟု TNLA ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks