Homeသတင်းတနသာႅရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးဖြင့် တိုက်ခိုက်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

တနသာႅရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးဖြင့် တိုက်ခိုက်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

-

တနသာႅရီတိုင်းဒေသကြီး၊တနသာႅရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့သည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အနောက်ဘန်လောကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချ တိုက်ခိုက်သည့်ဖြစ်စဥ်အတွင်း အသက် ၆၂ အရွယ်ရှိ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“မနေ့ကတော့ အခြေအနေမကောင်းဘူး၊ ဘန်လောမှာ စစ်ကောင်စီက ဒရုန်းနဲ့လာချလို့ အမျိုးသမီးတစ်ယောက်ရဲ့ ပါးမှာရှထိသွားတယ်၊ နေအိမ်တွေလည်း ထိသွားတယ်၊ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး၊ မျက်နှာ ပွန်ပဲ့ဒဏ်ရာရသွားတယ်” ဟု နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပိုးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက အနောက်ဘန်လောကျေးရွာတွင် ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ပြီး နောက် အရှေ့ဘန်လောကျေးရွာဘက်မှာလည်း ဒရုန်းဗုံးဖြင့် ၄ ကြိမ် ထပ်မံကြဲချသွားကြောင်း လည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် အနောက်မော်တုန်းကျေးရွာနေ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသည့် ဖြစ်စဥ် ရှိခဲ့သည်။

တနသာႅရီမြို့နယ်အတွင်း စက်တင်ဘာလမှ စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်မယ် အထင်နှင့် စစ်ကောင်စီက ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်လာသောကြောင့် အရပ်သားပြည်သူများ ထိခိုက်၊ သေဆုံးမှုလည်း မြင့်တက်လာနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts