spot_img
Tuesday, June 24, 2025
More
    spot_img
    Homeသတင်းကျောင်းရွာအနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တို့က အရပ်သားပြည်သူများကို အကြောင်းမဲ့ ရိုက်နှက်ဟု ဆို

    ကျောင်းရွာအနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တို့က အရပ်သားပြည်သူများကို အကြောင်းမဲ့ ရိုက်နှက်ဟု ဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ကျောင်းရွာကျေးရွာအနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တို့က ဒေသခံအရပ်သာပြည်သူအချို့ကို စစ်ဆေးမေးမြန်းစဥ် အကြောင်းမဲ့ ရိုက်နှက်မှုများပါ ပြုလုပ်ခဲ့ကြသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က ကျောင်းရွာအနီးတွင် လက်နက်ကြီးသင်တန်းဆင်း ရဲမေတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦးတို့ကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် မသကာႅသည့် ခရီးသွားပြည်သူနှင့် ရာဘာခြံလုပ်ငန်းခွင်အတွင်းရှိနေသည့် ဒေသခံအချို့ကို စစ်ဆေးမေးမြန်းစဥ် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တို့က ရိုက်နှက်ခဲ့ခြင်းသည်။

    “အခြေအနေက ရူပ်ထွေးနေတုန်ပဲ၊ တော်လှန်ရေးအဖွဲ့တွေက အရပ်သားကို တွေ့ရင်လည်း ထုရိုက်တယ်၊ စစ်ကောင်စီဘက်က တွေ့ရင်လည်း ထုရိုက်တယ်၊ ဟိုနေ့က (၇ ရက်) ရေးကနေ ပြန်လာနေရင်းနဲ့ လူ ၁၀ ယောက်လောက် အရိုက်ခံရတယ်၊ ရိုက်ခံထိတဲ့သူတွေက အားလုံး ကြောက်နေကြပြီး ဘယ်သူကိုမှ ပြန်မပြောပြရဲဘူး” ဟု ဒေသခံ သတင်းအရင်းမြစ် တစ်ဦးက ပြောသည်။

    ရိုက်နှက်ခံရသူ အများစုတွင် ရွှေ့ပြောင်းလုပ်သားများ၊ ဧည့်သည်များနှင့် ကျောင်းရွာ ဒေသခံများ အပါအဝင် စုစုပေါင်း ၁၀ ဦးထက်မနည်း ရှိပြီး ဦးခေါင်းကွဲ၊ ဖုယောင်ဒဏ်ရာ ရရှိသူများရှိသလို ပြင်းထန်ဒဏ်ရာ ရရှိမှုကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူများ ရှိဟု ဆိုသည်။

    လက်ရှိအခြေအနေအရ ကျောင်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရေးဘီလူအဖွဲ့တို့က သွားလာလှုပ်ရှားနေပြီး နှစ်ဖက်ထိတွေ့မှုများ မဖြစ်သော်လည်း လုံခြုံရေး တင်းကြပ်ထားမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေးတွင် အခက်တွေ့နေကြကြောင်း သိရသည်။

    “အခုလောလောဆယ် ဘယ်မှမသွားရဲဘူး၊ ပြောရင်လည်း သူတို့ချတယ်၊ မပြောရင်လည်း သူတို့ချတယ်၊ တွေ့တယ်လို့ ပြောရင်လည်း သူတို့ဖမ်းဆီး ခေါ်သွားတယ်၊ မတွေ့ဘူးလို့ ပြောရင်လည်း သူတို့ပါးရိုက်၊ ခေါင်းတွေထု ရိုက်နှက်တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေး ပဋိပက္ခများအကြား အရပ်သားပြည်သူများသာ ထိခိုက်၊ သေဆုံးနေရပြီး မြေဇာပင်ကဲ့သို့ပင် ဖြစ်နေသည်ဟု အထက်ပါအမျိုးသားက ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,500SubscribersSubscribe
    spot_img

    Latest posts