spot_img
Wednesday, February 25, 2026
More
    spot_img
    Homeမေးမြန်းချက်သန်းခေါင်စာရင်း‌ကောက်ခံနေသည့်အပေါ် မွန်ဒေသခံတို့၏ စကားသံ

    သန်းခေါင်စာရင်း‌ကောက်ခံနေသည့်အပေါ် မွန်ဒေသခံတို့၏ စကားသံ

    -

    စစ်ကောင်စီက တနိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ကောက်ခံနေသည်။

    စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်းကောက်ခံလျက်ရှိနေပြီး သန်းခေါင်စာရင်း ကောက်ခံနေသည့်အပေါ် မွန်၊ ကရင်ပြည်နယ်အတွင်းက မွန်ဒေသခံတို့၏ စကားသံကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက စုစည်းတင်ပြထားသည်။

    ဘားအံမြို့နယ်အတွင်းက မွန်အမျိုးသားတစ်ဦး

    “တစ်အိမ် ၂၀ မိနစ်အနည်းဆုံးမေးရမယ် ပြောထားပေမဲ့ အခု သူတို့လာမေးတာ အဓိက အချက်ကိုပဲမေးတယ်။ ကျန်တဲ့အချက်တွေ သူတို့မမေးဘူး။ ကျွန်တော်ပဲ ပြန်မေးလိုက်တယ်။ မေးခွန်း ၆၈ ချက်လုံးကို ဘာလို့မမေးလဲပြောတော့ ဟအင့် အချိန်မရှိဘူးလို့ပဲ ပြောတယ်။ အဓိကက အိမ်တွင်သုံးဘာသာစကားပဲပေါ့နော်။ အိမ်တွင်းသုံး ဘာသာစကားကလဲ မွန်လို့ပဲပြောထားပေမဲ့ သူတို့စာရင်းထဲ ဘာရေးထားလဲ ကျွန်တော်တို့လဲ မတွေ့ရဘူး။ သူတို့ တက်ပလက်နဲ့ ရေးထားတယ်။ ပြန်တောင်းကြည့်တယ်။ သူတို့ပြောတာ အချက်လက်တွေ ပို့ပြီးရင် ကြည့်မရတော့ဘူးတဲ့၊ နောက်ကျနော့်အသိတွေကြားမေးကြည့်တော့လည်း အိမ်တွင်သုံးဘာစကားကို မွန်လို့ပြောပေမဲ့ တကယ့်စာရင်းထဲ မွန်-ဗမာဆိုပြီး ရေးထည့်ထားတာတွေလည်း ရှိတယ်”

    ကော့ကရိတ်မြို့နယ်က ဒေသခံမွန်အမျိူးသမီးတစ်ဦး

    “အဖြစ်သဘောလောက်ပါပဲ။ လူဘယ်နှစ်ယောက်ရှိလဲ သူတို့မေးတယ်။ ကား၊ ဆိုင်ကယ် ဘယ်နှစ်စီးရှိလဲ အပေါ်ယံပဲ သူတို့ မေးတယ်။ သူတို့မှာလဲ ကိုယ့်စာရင်းရှိတယ်။ ဥပမာ ဦးဘဆိုရင် သူတို့ တက်ပလက်ဖွင့်တယ်။ အဲမှာအချက်အလက်တွေ ကိုက်မကိုက် တကယ်လို့ မကိုက်ရင် မကိုက်ဘူး‌ ပြောတယ်။ နောက်ပြီး ကလေးဘယ်နှစ်ယောက်ရှိလဲ၊ ရေရော ဘယ်လိုသုံးနေလဲ၊ ရေတွင်းရေလား ဘယ်လိုမျိူးလဲ အဲလိုမေးတယ်။ အချိူ့အိမ်ဆို မပြောချင်လို့ တံခါးပိတ်ပြီး ပုန်းနေလိုက်တယ်။ ကျွန်မတို့ ရပ်ကွက်က ဘယ်လိုလဲမသိဘူး။ နေအိမ်အနည်းအကျဉ်းလောက်ပဲ မေးသွားတယ်။ ဘေးနားအိမ်က လူရှိနေတာမတွေ့လို့လားမသိ ဝင်လည်းမမေးဘူး၊ သူတို့ကို လူရှိနေတယ်ပြောပြလဲ မနက်ဖြန်မှ လာမယ်တဲ့”

    သံဖြူဇရပ်မြို့ခံ အမျိုးသမီးတစ်ဦး

    “လူဦးရေဘယ်လောက်လဲ စစ်မှုထမ်းရမဲ့လူတွေက ဘယ်နှစ်ဦးလဲ အဲဒါကိုပဲအဓိကထား အချက်အလက်တွေ ယူနေတယ်။ ကျမတို့က အုပ်ချုပ်ရေးမှုးရုံးနဲ့ နီးတယ်လေ။ အိမ်မှာလည်း လူနာတစ်ဦးနဲ့ ကျွန်မပဲရှိတယ်။ အရင်က တူမလေးတွေရှိတယ်။ အခု သူတို့အမေဆီ ပြန်သွားကြတော့ ဘယ်ရောက်ကုန်လဲဆိုပြီး မေးတယ်။ ကျမတို့အိမ်မှာ စစ်မှုထမ်းမဲ့အရွယ်မရှိတော့ စိတ်မပူရဘူးဆိုပေမဲ့ ကိုယ့်လုံခြုံရေးအတွက် ပူနေရတယ်။ စာရင်းကောက်တဲ့လူတွေနောက်ကိုလည်း စစ်သားတွေက ထပ်ကြပ်မကွာလိုက်နေတယ်”

    ရေးမြို့နယ်အတွင်းက ဒေသခံအမျိူးသားတစ်ဦး

    “စာရင်းကောက်ပြီးတော့ ကျနော်တို့ကို ဓါတ်ပုံရိုက်သွားတယ်။ သန်းခေါင်စာရင်းကောက်မယ်ဆိုပြီးတော့ အကုန်ကောက်တာလဲ မဟုတ်ဘူး။ အခြေအနေကိုကြည့်ရမယ်ဆိုရင် ဒီမှတ်တမ်းတွေက သူတို့ကို ထောက်ခံမဲ့သူ ဘယ်လောက်ရှိလဲဆိုတာ သိရဖို့ဖြစ်မယ်။ နောက်ပြီး ဒါက မဲပေးဖို့အတွက်လား၊ မဟုတ်ရင် စစ်မှုထမ်းဖို့အတွက်လားပေါ့။ ပြည်ပမှာ ရှိနေတယ်ဆိုရင်လဲ မှတ်တမ်းမှာ အသိမှတ်မပြုဘူး။ အရေးမပါတဲ့ အိမ်မှာ ဘာနဲ့ထမင်းချက်လဲ ဘယ်လိုလောင်စာတွေသုံးလဲ ဒါတွေလည်း မေးတာပေါ့။ ကျနော်တို့အနေနဲ့ အခြားစိုးရိမ်တဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး”

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks