spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ရော်ဘာရာသီအစ ရော်ဘာတစ်ပေါင် ၃၃၀၀ ကျပ်ဝန်းကျင်ထိ စျေးကောင်းရနေ

    မွန်ပြည်နယ်တွင် ရော်ဘာရာသီအစ ရော်ဘာတစ်ပေါင် ၃၃၀၀ ကျပ်ဝန်းကျင်ထိ စျေးကောင်းရနေ

    -

    မွန်ပြည်နယ်အတွင်း ရော်ဘာရာသီအစ အောက်တိုဘာလဆန်းပိုင်းတွင် ရော်ဘာတစ်ပေါင် ကျပ် ၃၃၀၀ ဝန်းကျင်အထိ စျေးဖွင့်ထားသဖြင့် စျေးကောင်းရနေသည်ဟု ရော်ဘာအဝယ်ဒိုင်တို့ထံမှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ရော်ဘာတစ်ပေါင် ကျပ် ၃၀၀၀ ဝန်းကျင်ပေါက်စျေးရှိရာမှ အောက်တိုဘာ ၁ ရက်နေ့တွင် RSS – 1 အမျိုးအစား တစ်ပေါင်လျှင် ၃၄၀၀ ထိပေါက်စျေးရှိလာသဖြင့် ယမန်နှစ်ကထက် စျေးနှစ်ဆနီးပါး တိုးလာသည်ဟု ဆိုသည်။

    ရော်ဘာစျေးကောင်းနေသော်လည်း မိုးရွာနေသေးသည့်အတွက် ရော်ဘာအထွက်နည်းသေးခြင်းနှင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်သူနည်းလာခြင်းကြောင့် ရော်ဘာအရောင်းအဝယ် နည်းသည်ဟု သံဖြူဇရပ်မြို့နယ်မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။

    “မနှစ်ကထက် စျေးအများကြီးတက်လာတာပေါ့ ၁ ရက်နေ့တုန်းကဆို ၃၄၀၀ ပေါက်စျေးရှိတယ်။ ထပ်တက်ဖို့က မရှိလောက်ဘူးထင်တယ်။ အဝယ်ကတော့အရမ်းနည်းပါတယ် ” ဟု ၎င်းက ပြောသည်။

    ယမန်နှစ် ရော်ဘာရာသီအစ အောက်တိုဘာလဆန်းပိုင်းခန့်က RSS – 1 အမျိုးအစား ရော်ဘာတစ်ပေါင် ကျပ် ၁၈၀၀ ဝန်းကျင်သာ စျေးရှိပြီး နေလှန်းပြားတစ်ပေါင်လျှင် ၁၇၀၀ ကျပ် စျေးနှုန်းရှိခဲ့သည်ဟု ရော်ဘာအဝယ်ဒိုင်တို့ထံမှ သိရသည်။

    လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေကြောင့် ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်ထို၊ သထုံနှင့် အခြားမြို့နယ်တို့တွင်လည်း ခြံလုပ်ငန်း မစတင်နိုင်သေးသည့်အခြေအနေတွင် ရှိနေသည်။

    “ဒီသံဖြူဇရပ်မှာဆို တိုက်ပွဲဖြစ်ထားတဲ့နေရာဆိုရင် ခြံသမားတွေ မသွားရဲတော့ဘူး။ မြေမြှုပ်မိုင်း ခဏခဏ နင်းမိတာကြားနေတော့၊ အဲ့အတိုင်းထားထားရတုန်း။ ဒီနှစ်က ရော်ဘာစျေးနှုန်းကောင်းလဲ မလုပ်ရဘူး ရွာနားရှိတဲ့ ခြံတွေပဲခြစ်လို့ရတယ်။ ခြံခုတ်၊ မြက်ရှင်းဖို့အတွက် မလုပ်ရဲသေးဘူး။ ရေးတို့ ကျိုက်ထိုတို့မှာလည်း သွားရဲတဲ့ နေရာဆို လုပ်ကြပါတယ်။ အခြားနယ်လည်း အဲ့လိုပါပဲ။ ဒါပေမယ့် လုပ်စရာဆိုလို့ အဲ့တာပဲရှိတော့ ဒီနိုင်ငံရေး အခြေအနေ မတည်ငြိမ်သေးရင် ဘာမှ လုပ်မရတော့ဘူး” ဟု အထက်ပါ ရော်ဘာအဝယ်ဒိုင်က ပြောသည်။

    ၎င်းပြင် သံဖြူဇရပ်- ရေးကားလမ်းအရှေ့ဘက်ရှိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူတို့သည် တော်လှန်ရေးအဖွဲ့ဘက်မှ ထုတ်ပေးသည့် ခြံပိုင်ရှင်ဖြစ်ကြောင်း သက်သေခံကဒ်အပြင် စစ်ကောင်စီတပ်ဖွဲ့မှလည်း ရပ်ကွက်ထောက်ခံစာအပြည့်အစုံ စစ်ဆေးနေခြင်းကြောင့် ခြံလုပ်ငန်းစတင်ရန် စာရွက်စာတမ်းအပြည့်အစုံ လုပ်ဆောင်နေရသည်ဟု ဒေသခံခြံလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသည့်ရော်ဘာများ ရန်ကုန်၊ မန္တလေးနှင့် မြဝတီဘက်တွင် အဓိကရောင်းဝယ်နေကြသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားသုံးဆူဘက်က မှောင်ခိုဈေးကွက်ကိုသာ ပိုမိုအားကိုးနေရသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့၏ ပြောဆိုချက်အရ သိရသည်။

    စစ်ကောင်စီကတော့ ယခုနှစ်ရော်ဘာရာသီတွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၃၅၀၀၀၀ ထိ တင်ပို့နိုင်ရန် ရည်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks