spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းကော့ဘိန်းအနီးတစ်ဝိုက်ကို စစ်တပ် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ

    ကော့ဘိန်းအနီးတစ်ဝိုက်ကို စစ်တပ် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိကျေးရွာများကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂ ရက်နေ့ည ၉ နာရီအချိန်ခန့်ကစပြီး လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အဆိုပါ ကျေးရွာတစ်ဝိုက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က အင်အားဖြည့်တင်းနေသည့်သတင်းကြောင့် တရနာကျေးရွာအနီးရှိ စစ်ကောင်စီရေတပ်မှအပြင် ဇာသပြင်အခြေစိုက် ခလရ ၈၁ မှလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဂျိုင်းမြစ်ဒေသခံတစ်ဦးက ဆိုသည်။

    “ကျနော်တို့ဘက်မှာ သတင်းမကောင်းနေတာက တစ်ရက်နှစ်ရက်လောက်ရှိပြီး။ လောလောဆယ် ကော့ဘိန်းနဲ့ မင်းရွာဘက်မှ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ခြောက်လှန့်ပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ဂျိုင်းမြစ်ဒေသခံတို့ ညတွင်းချင်း ဘေးလွတ်ရာထွက်ပြေးနေရသည်ဟုလည်း သိရသည်။

    စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူသည့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မွန်-ကရင်အစပ်ရှိ ကျေးရွာအချို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့များ အင်အားဖြည့်တင်းလာနေသည်ဟု သိရသည်။

    ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ အင်အားဖြည့်တင်းလာနေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ကော့ဘိန်း၊ ကော့ပေါက်က ဒေသခံအချို့ ပြောင်းရွှေ့ တိမ်းရှောင်နေကြသည်လည်း ရှိသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ ည ၉ နာရီခန့်ကလည်း မင်းရွာကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks