Saturday, April 11, 2026
More
    spot_img
    Homeသတင်းမင်းရွာကျေးရွာထဲကို စစ်တပ်က လက်နက်ကြီးဖြင့် ထပ်ပစ်ခတ်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    မင်းရွာကျေးရွာထဲကို စစ်တပ်က လက်နက်ကြီးဖြင့် ထပ်ပစ်ခတ်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မင်းရွာကျေးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃၀ ရက်နေ့က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ယမန်နေ့ ညနေ ၉ နာရီကျော်အချိန်ခန့်က ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ ၁၀၅ မမ ဟောင်ဝှစ်ဇာ ၅ လုံးအပြင် ဂျိုင်းမြစ်ရှိ စစ်သင်္ဘောမှ ၈၀ မမ ခွင်းကျည် ၃ လုံး စုစုပေါင်း ၈ လုံးကို မင်းရွာကျေးရွာထဲ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    “တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိပါဘူး။ စကစဘက်ကနေ ရမ်းသမ်းပစ်ခတ်နေတာပါ။ အဲရွာက အမျိုးသမီးတစ်ယောက်တော့ ထိခိုက်သွားတာ ရှိတယ်။ ထိခိုက်သူရဲ့ အချက်အလက်ကိုတော့ ပြောခွင့် မရှိပါဘူး” ဟု ဒေသတွင်း လှုပ်ရှားနေသည့်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

    စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီကျော်အချိန်ခန့်ကလည်း မင်းရွာကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

    ဓမ္မသကျေးရွာတွင် တပ်စွဲထားသည် စစ်ကောင်စီတပ်တို့က ကော့ကရိတ်နှင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    လက်ရှိတွင် ကရင်နှင့် မွန်အစပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုရှိလာသည့်အတွက် ဒေသတွင်း တကျော့ပြန်တိုက်ပွဲ ထပ်ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်းနေကြပြီး အချို့ တိမ်းရှောင်သွားကြသည်လည်း ရှိနေသည်။

    “အဲဘက်က အောင်ချမ်းဆိုတဲ့ မွန်ပြည်သူ့စစ်အဖွဲ့က စကစနဲ့ ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်။ ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲတုန်းက ထွက်ပြေးသွားကြတယ်။ အခု ပြန်လှုပ်ရှားနေတယ်။ အဲကြောင့် အခု ကော့ဘိန်းရော၊ အနီးအနားရွာက လူတွေ ပြေးကုန်ပြီ။ သံကလောင်ဘက်မှာ ပိုလှုပ်ရှားနေတယ်။ ပြီးတော့ ဟိုကော့ကျိုက်ရွာဘက်ကလည်း အိမ်တိုင်း တံခါးပိတ်ထားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် မတ်လအတွင်းက ကော့ဘိန်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ ဂျိုင်းမြစ်တလျှောက် တိုက်ပွဲပြင်းထန်လာခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်တာ၊ စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks