spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းPDF နှင့် ဆက်သွယ်သည့်စွပ်စွဲချက်ဖြင့် ရေးမြို့ခံ အမျိုးသမီးနှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

    PDF နှင့် ဆက်သွယ်သည့်စွပ်စွဲချက်ဖြင့် ရေးမြို့ခံ အမျိုးသမီးနှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်ဆက်နွယ်မှုဖြင့် စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ၎င်းတို့မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ရေးမြို့ခံ မနန်းရီနှင့် မမိုးခိုင်တို့နှစ်ဦးကို စစ်ကောင်စီတပ်တို့က ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းခန့်က ဖမ်ဆီးခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်တွင် စစ်ကောင်စီလက်‌အောက်ခံ ရေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ချလိုက်ခြင်းဖြစ်သည်။

    “မနန်းရီနဲ့ မမိုးခိုင်တို့ နှစ်ဦးက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတာပါ။ သူတို့ အဖမ်းခံရပြီး တစ်လကျော်လောက်အကြာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ အခုလို နှစ်ရှည်ထောင်ဒဏ်ချမှခံခဲ့ရတာပါ” ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း မည်သည့်အမှုအခင်းမဆို ရေးခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လေ့ရှိကြောင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရသူများကိုလည်း အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လေ့ရှိသည်ဟု ၎င်းကဆိုသည်။

    ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့က မကြခဏ ဧည့်စာရင်းစစ်ခြင်းနှင့် မသင်္ကာသူများကို PDF အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးမှု မကြာခဏပြုလုပ်နေသည်ဟု သိရသည်။

    ရေးမြို့နယ်အတွင် ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း ဖမ်းဆီးခံရသူ ၂၀ ဦး ထက်မနည်းရှိပြီး၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးခံထားရသူ ၁၀ ဦးကျော်ကို ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ရေးမြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

    သံဖြူဇရပ်မြို့တွင်လည်း တစ်ပတ်အတွင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် ၉ ဦးအပါဝင် ၁၁ ဦးထက်မနည်းကို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

    လဂွန်းအိမ်စာစဉ်၏ ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း မွန်ပြည်နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၃၁ ဦး ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks