spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ် အမြှောက်တပ် ၃၁၅ မှ အနန်းကွင်းဘက်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

    သံဖြူဇရပ် အမြှောက်တပ် ၃၁၅ မှ အနန်းကွင်းဘက်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလီကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၅ မှ တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းနှင့် အနီးနားရှိကျေးရွာဘက်ကို လက်နက်ကြီးဖြင့် နေ့တိုင်းလိုလို ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်လာနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အမြှောက်တပ် ၃၁၅ မှ အနန်းကွင်းကျေးရွာအနီးနားရှိ ဖားပြကျေးရွာထဲကို စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့ နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်ဟု ဆိုသည်။

    “တိုက်ပွဲကတော့ အနန်းကွင်းမှာ နေ့တိုင်းဖြစ်နေတယ်။ ကရင်စစ်သားတွေက ဖားပြဘက်မှာ ပြန်လာခိုးနားတာလည်း များတယ်။ သူတို့(စစ်ကောင်စီတပ်) လည်း အခြေအနေ သိပုံရတယ်။ အဲကြောင့် လက်နက်ကြီးနဲ့ လှမ်းထုနေတာ” ဟု အနန်းကွင်းဒေသခံတစ်ဦးက ပြောသည်။

    ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုမရှိသော်လည်း ကွမ်းသီးပင်များ ပျက်စီးမှုရှိကြောင်း ဖားပြဒေသခံတစ်ဦးက ပြောသည်။

    “အရင်ကဆို တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ ပစ်လေ့ရှိတော့ အမှုမဲ့နေလိုက်တာ အမြှောက်ဆံက အိမ်နောက်မှာကျပြီး ကွမ်းသီးပင်တွေ အကုန်ကြေသွားတယ်။ အိမ်ကိုလာမှန်တဲ့အစက ဦးလေးအိပ်တဲ့နားက ရေအိုးကို လာမှန်တာ ကံကောင်းလို့ မသေတာ။ ဒီကောင်တွေ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြတာ” ဟု ၎င်းဒေသခံက ပြောသည်။

    ဖားပြကျေးရွာထဲကို စစ်ကောင်စီက ဟောင်ဝှစ်ဇာ ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ရွာထဲလက်နက်ကြီးကျရောက်ပေါက်ကွဲနေမှုကြောင့် ပြည်သူများ ကြောက်လန့်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က စစ်ကောင်စီ၏ အဓိက ဗျူဟာစခန်းဖြစ်သည့် အနန်းကွင်းဗျူဟာတပ်စခန်းနှင့် လွတ်ရှမ်းတပ်စခန်းကို ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လလယ်ခန့်ကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    လက်ရှိတွင် လွတ်ရှမ်းတပ်စခန်းကို စစ်ကောင်စီက လက်လွှတ်ထားရပြီး အနန်းကွင်းဗျုဟာတပ်စခန်း မကျရေးကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ကူခြင်းကို နေရောညပါ လုပ်လာနေသည်။

    တစ်ဘက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်တို့က အနန်းကွင်းဗျုဟာတပ်စခန်းကို သိမ်းပိုက်နိုင်ရေး အပြင်းအထန်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်သည်။

    တိုက်ပွဲကြောင်းနှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် အနန်းကွင်း၊ လွတ်ရှမ်းအပြင် တညင်၊ ဖာယာ၊ ခွန်နဝါ၊ ပုတော၊ ရက်ဖော အစသည့် ကျေးရွာ ၁၀ ရွာက ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ထိ နေရပ်မပြန်နိုင်ကြသေးပဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks