spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းကမာဝက်မြို့‌နေ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    ကမာဝက်မြို့‌နေ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ဦးကျော်နိုင် (ခ) အပစ်ဆိုသူသည် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    အသက် ၄၃ နှစ်အရွယ်ရှိ ဦးကျော်နိုင် (ခ) အပစ်သည် မိသားစုနှင့်အတူ ဂုံညင်းရပ်ကွက်ရှိ ကမာဝက်ချောင်းဘေး လယ်ထဲတွင် အိပ်နေစဉ် လက်နက်ကိုင်တစ်စုက လာရောက်ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

    “သူတို့နေနေတဲ့ လယ်က တဲမှာပဲ ပစ်သတ်ခံထားရတာ။ သူက ဘယ်လိုလူလဲဆိုတာကိုတော့ မသိဘူး။ စစ်ကောင်စီထောက်တိုင် ဒလန်ဖြစ်နေလို့ ပစ်သတ်လိုက်ကြတာ ထင်တယ်။ သာမန်လူပဲဆို သူတို့ မလုပ်လောက်ဘူး” ဟု ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။

    ဦးကျော်နိုင် (ခ) အပစ်သည် ဦးခေါင်း၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

    ဦးကျော်နိုင် (ခ) အပစ်ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်နှင့် သားဖြစ်သူတို့ကို လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

    စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီထောက်တိုင် ဒလန်ဆိုသူတွေ မကြာခဏ ပစ်ခတ်ရှင်းလင်ခံရလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts