Homeသတင်းတိုင်ဖွန်းမုန်တိုင်း “ရာဂီ” ကြောင့် ဗီယက်နမ်တွင် သေဆုံးသူ ၆၀ ကျော်ထိရှိလာ

တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ကြောင့် ဗီယက်နမ်တွင် သေဆုံးသူ ၆၀ ကျော်ထိရှိလာ

-

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆၅ ဦး သေဆုံးကာ၊ ၃၉ ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

အာရှတိုက်ကို တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီသည် အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး သေဆုံးသူဦးရေလည်း ဆက်တိုက်တိုးပွားလာနေသည်။

သေဆုံးသူအများစုသည် မြေပြိုခြင်းနှင့် ရုတ်တရက်ရေကြီးမှုများကြောင့်ဖြစ်ပြီး လူ ၇၅၂ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် Bac Giang ပြည်နယ်ရှိ ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေပြီး ရေဘေးဒုက္ခသည်များကို ကယ်ဆယ်ရန်နှင့် ထောက်ပံ့ရန်အတွက် ပြည်နယ်ထဲက စစ်သား ၄,၆၀၀ ကျော် တပ်ဖြန့်ထားသည်။

စက်တင်လာလ ၉ ရက်နေ့တွင် ဗီယက်နမ်မြောက်ပိုင်းခရိုင် Phu Tho တွင် နှစ် ၃၀ သက်တမ်းရှိ တံတားတစ်စင်း ပြိုကျခဲ့ပြီး လူ ၈ ဦး ပျောက်ဆုံးနေကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အာဏာပိုင်တို့က ဟနွိုင်းရှိ အကြီးဆုံး Chuong Duong တံတားအပါအဝင် မြစ်ကိုဖြတ်သည့် အခြားတံတားများအပေါ် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ၏ နောက်ဆုံးထုတ်ပြန်ချက်အရ လာအိုကိုင် (Lao Cai) ပြည်နယ်တွင် မြေပြိုမှုကြောင့် လူ ၁၉ ဦး သေဆုံးကာ၊ ၁၁ ဦး ပျောက်ဆုံးနေသည်။

၎င်းပြင် ရေကြီးမှုကြောင့် ဗီယက်နမ်မြောက်ပိုင်းရှိ စပါးစိုက်ခင်း ၁၄၈,၆၀၀ ဟက်တာနှင့် ကောက်ပဲသီးနှံ ၂၆,၁၀၀ ဟက်တာလည်း ရေလွှမ်းမိုးခဲ့ပြီး အိမ်ခြေ ၅၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း အေဂျင်စီက ဆိုသည်။

ဟနွိုင်းမြို့ပြင်ရှိ ကျေးရွာအများစုကလည်း ရေကြီးရေလျှံမှုကြောင့် အိမ်ခြေအားလုံးနစ်မြုပ်နေသည်။

တိုင်ဖွန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးမှုများကြောင့် ဗီယက်နမ်တွင် ဒေါင်ဘီလီယံ ၃၀၀ (ဒေါ်လာ ၁၂ ဒသမ ၁ သန်း) အထိ ပျက်စီးဆုံးရှုံးခဲ့သည်ဟု အဏာပိုင်တို့က ပြောဆိုထားသည်။

တိုင်ဖွန်းမုန်တိုင် ရာဂီသည် စက်တင်ဘာ ၇ ရက်နေ့ကစ၍ ဗီယက်နမ်အရှေ့မြောက်ပိုင်းကမ်းရိုးတန်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး စက်မှုလုပ်ငန်းနှင့် လူနေအိမ်အများအပြား ပျက်စီးသွားသလို မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်ကာ လူသေဆုံးမှု အမြောက်အများလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts