Homeသတင်းလက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလာရ

လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလာရ

-

စစ်ရေးပဋိပက္ခအတွင်း အများဆုံး ထိခိုက်သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ပြီး အဓိကသေဆုံးရသည့် အကြောင်းအရင်းသည် လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု Data For Myanmar က ထုတ်ပြန်သည်။

အရပ်သားထိခိုက်သေဆုံးမှုများကို ကြည့်လျှင် စစ်ရေးကျင့်ဝတ်လိုက်နာမှု အားနည်းခြင်း၊ အရပ်သားနှင့် လက်နက်ကိုင် ခွဲခြားမှုမရှိဘဲ လက်လွတ်စပယ် တိုက်ခိုက်ခြင်း၊ အရပ်သား ထိခိုက်မှုနည်းအောင် ကြိုတင်ကာကွယ်ပေးရန် အားနည်းနေခြင်းကြောင့်ဟု ဆိုသည်။

Data For Myanmar ၏ သြဂုတ် ၂၈ ရက်နေ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးမှု၏ ၉၅ ရာခိုင်နှုန်းသည် အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှု စသည့် အဝေးမှ ပစ်ခတ်တိုက်ခိုက်သည့် ပေါက်ကွဲစေသည့် လက်နက်များကြောင့်သာ ဖြစ်သည်ဟု ဖော်ပြထားသည်။

“တိုက်ပွဲဖြစ်တာနဲ့ ကိုယ့်ရန်သူဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ၊ ရမ်းသန်ပစ်ချလိုက်တာပဲ။ အဲတော့ ပြည်သူတွေ ထိခိုက်ကြတယ်၊ သေဆုံးကြတယ်။ အဲလိုအဖြစ်အပျက်မျိုးတွေ ပိုပြီးတော့ ဖြစ်လာနေ တာတွေ့ရတယ်။ ပြီးတော့ လေကြောင်းတိုက်ခိုက်မှုရော၊ ဒရုန်းနဲ့ တိုက်ခိုက်တာရောကလည်း ပိုများလာတယ်။ လေကြောင်းကနေ ဗုံးတစ်လုံး ကြဲချ၊ ပစ်ချ လိုက်တာနဲ့ တစ်ရပ်ကွက်လုံး ကုန်ပြီးလေ။ ပြီးတော့ မြေမြုပ်မိုင်းပေါ့။ ဘယ်နေ့ ဘယ်အချိန်ကတည်းက မြုပ်ထားကြတာ မသိဘူး။ ပြန်လည် ရှင်းလင်းပေးတာလည်း မလုပ်ဘူး။ ဖြစ်လာရင်လည်း မိုင်းမြုပ်ထားတာ ဘယ်သူလဲ၊ ဘယ်သူတာဝန်ယူပေးမှာလဲ၊ ဒါတွေလည်း ဘယ်သူမပြောပြန်၊ ဘယ်သူမှ မသိပြန်ဘူး။ အဲလိုအဖြစ်အပျက်တွေ လုပ်နေတာက စစ်တပ်ရော၊ လက်နက်ကိုင်အဖွဲ့တွေရော ပါတယ်” ဟု လူအခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

အရပ်သားထိခိုက်သေဆုံးမှုလျော့နည်းအောင် လက်နက်ကိုင်အဖွဲ့အစည်းတို့က ပိုတာဝန်ရှိပြီး စစ်ရေး ပဋိပက္ခအတွင်း အရပ်သားထိခိုက်သေဆုံးမှု လျော့နည်းအောင် အလေးထားလုပ်ဆောင်သင့်သည်ဟု လည်း ၎င်းက တိုက်တွန်းသည်။

ယင်းအခြေအနေကြောင့် စစ်ရေးပဋိပက္ခ ပြင်းထန်သည့် ဒေသက ပြည်သူများအနေဖြင့် စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေရုံ စသည့်နေရာများတွင် ခိုလှုံသည့်အခါ ဘေးကင်းလုံခြုံရေးအစီအမံများ ကြိုတင်ပြင်ဆင်ထားသင့်ကြောင့် Data For Myanmar က သတိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts