spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းကရင်ပြည်သူလူထုတို့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးခံနေရပြီး စစ်ရှောင်သူဦးရေ ၁၂ သိန်းအထိရှိလာ

    ကရင်ပြည်သူလူထုတို့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးခံနေရပြီး စစ်ရှောင်သူဦးရေ ၁၂ သိန်းအထိရှိလာ

    -

    ကရင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကာလတစ်လျှောက် လက်ရှိကာလတွင် ပြည်သူလူထုများ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးကြုံတွေ့နေရပြီး၊ စစ်ရှောင်ဦးရေ ၁၂ သိန်းအထက်ရှိလာသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှပြောပြချက်အရ သိရသည်။

    KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်မဟာအသီးသီးရှိ IDP စခန်းထဲတွင် အမြဲတမ်းစစ်ရှောင်စခန်းအဖြစ်သတ်မှတ်ထားရပြီး တပ်မဟာ ၃ နှင့် ၅ တို့တွင် စစ်ရှောင်ဦးရေအများဆုံး ဖြစ်သည်ဟုသိရသည်။

    စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူတို့သည် အခြေခံလူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်နေထိုင်ခွင့်၊ ဘေးကင်းလုံခြုံခွင့်၊ ကျန်းမာရေး၊ ပညာရေး လက်လှမ်းမှီနိုင်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်တို့ကို စစ်ကောင်စီမှပိတ်ပင်ကျူးလွန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း လစဉ်ဒေသခံထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိနေသည်ဟု KHRG ပြောခွင့်ရ စောနန္ဒာဆူးက ဆိုသည်။

    “အဆိုးဆုံးချိုးဖောက်ခံနေရတယ်လို့ပြောလိုပါတယ်၊ ဒီထဲမှာတိုင်းရင်းသားနယ်မြေ အပါအဝင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာကြုံတွေ့နေရတယ်ပေါ့နော်၊ KNU ထိန်းချုပ်နယ်မြေ ၇ခုစလုံးမှာဆက်လက်ဖြစ်ပွားနေတုန်းပါပဲ၊ လက်ရှိစစ်ရှောင်ဦးရေ စာရင်းအရတော့ ၁၂သိန်း အထက်ရှိနေတယ်။ IDP ဦးရေက တိုက်ပွဲအခြေအနေ မှာမူတည်ပြီးတော့ များပြားလာတယ် ” ဟု ၎င်းကပြောသည်။

    IDP စခန်းအတွင်းရှိ စစ်ရှောင်တို့ လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့် ရှင်သန်ရပ်တည်နိုင်ကြသော်လည်း ဝေးလံပြီး တောတောင်ဥယျာဉ်ခြံအကြား စစ်ရှောင်နေသူများသည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီနှင့်
    လက်လှမ်းဝေးနေသည်ဟု ၎င်းကဆက်ပြောသည်။

    “IDP စခန်းမရောက်တဲ့သူက အကူအညီကတော့လက်လှမ်းမှီနိုင်ခွင့်အားနည်းတယ်ပေါ့နော်၊ အကူညီပေးတဲ့ အစုအဖွဲ့ကလည်း သူတို့ပေးတဲ့ အခါကျမှသူတို့ထံကူညီထောက်ပံ့နိုင်တယ်၊ သူတို့ကိုမတွေ့ရတဲ့ နေရာမှာဆိုရင်တော့ သူတို့က ပတ်ဝန်းကျင်မှာ ရှိတဲ့သဘာဝအရင်းမြစ်နှင့် ပါလာတဲ့ စားနပ်ရိက္ခာတွေကို အမှီအခို ပြုပြီးတော့မှ ရပ်တည်ရှင်သန်နေကြတယ် ” ဟု ဆက်ပြောသည်။

    မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ နိုင်ငံ၏ လူဦးရေ ၃ ပုံ ၁ ပုံ အရေအတွက်အားဖြင့် ၁၈.၆ သန်းတို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က ဆိုထားသည်။

    ၎င်းတို့အနက် အိုးမဲ့အိမ်မဲ့ဖြစ်မှု ၊ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားမှုအခွင့်အရေးဆုံးရှုံးမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ အာဟာရချို့တဲ့မှုနှင့် စိတ်ပိုင်းဆိုင်ရာအကာအကွယ်မဲ့မှုတို့ကို ကလေး ၆ သန်းက ရင်ဆိုင်နေရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks