spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်း၂၀၂၅ ရွေးကောက်ပွဲ အပိုင်းလိုက်ကျင်းပသွားမည့်အပြင် PR စနစ် မယုံကြည်သေးရန် စစ်ကောင်စီဆို

    ၂၀၂၅ ရွေးကောက်ပွဲ အပိုင်းလိုက်ကျင်းပသွားမည့်အပြင် PR စနစ် မယုံကြည်သေးရန် စစ်ကောင်စီဆို

    -

    ၂၀၂၅ နိုဝင်ဘာလတွင် ကျင်းပမည့် စစ်ကောင်စီ၏ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဖြစ်သည့်အပြင် PR စနစ်ကိုလည်း မယုံကြည်သေးရန် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှ သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံရေးပါတီတို့နှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်ဟု သိရသည်။

    ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကို တစ်ရက်တည်းအပြီး ကျင်းပမည်မဟုတ်ဘဲ နယ်မြေလုံခြုံမှုအပေါ်မူတည်ပြီး ကျင်းပ၍ရမည့်နေရာတွင် အပိုင်းလိုက်ကျင်းပရန် စီစဥ်ထားသည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မွန်တိုးတက်ရေးပါတီမှ ပါတီတည်ထောင်လိုသူ၏ ခေါင်ဆောင်ပိုင်းတစ်ဦးက ဆိုသည်။

    "၂၀၂၅ ရွေးကောက်ပွဲကို ဖြစ်နိုင်ရင် အပိုင်းလိုက်ပေါ့လေ ကျင်းပနိုင်ဖို့ကော်မရှင်အနေနဲ့ ကြိုးစားနေတယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျနော်တို့ ပါတီအများစုကတော့ ဖြစ်နိုင်ဖို့မလွယ်ဘူးလို့ သုံးသပ်ကြတယ်ပေါ့၊ ပြီးတော့ UEC ဥက္ကဌက အချိုးကျကိုယ်စားပြုစနစ် PR ကိုလည်း မယုံကြည်သေးဖို့ သူတို့အနေနဲ့လည်း မဆုံးဖြတ်ရသေးဘူးပေါ့"ဟု ဆိုသည်။

    ၎င်းအပြင် မည်သည့်စနစ်ဖြင့်ကျင်းပသွားမည့်အကြောင်း အဖြေအတိအကျ မရခဲ့ဟုလည်း ဆက်ပြောသည်။

    ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာပြီးဖြစ်၍ နိုင်ငံရေးပါတီအားလုံး ပြင်ဆင်ဆောင်ရွက်မှု လုပ်ဆောင်ရန်နှင့် နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့ကြား မကြာခဏတွေ့ဆုံဆွေးနွေးနိုင်ရန် စစ်ကောင်စီမှ ဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုထားကြောင်း သိရသည်။

    "ဒီကြားထဲမှာ နိုင်ငံအရေးအခြေအနေကြောင့် ပြည်တွင်းရော ပြည်ပရော ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေ သူတို့တွေကို ဘယ်လိုလုပ်ရမလဲ ဘယ်လိုမဲပေးနိုင်ဖို့ ဆွေးနွေးခဲ့တာရှိတယ်၊ ပြီးတော့ ပါတီမှတ်ပုံတင်အသစ် ချထားပေးတဲ့သူတွေလည်း ပါတီအင်္ဂါရပ်နဲ့ ပြည်စုံအောင်လုပ်ဖို့တော့ ညွန်ကြားတယ်ပေါ့" ဟု မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်ပိုင်းတစ်ဦးက ဆိုသည်။

    ၎င်းအပြင် လက်ရှိ ဖြစ်ပေါ်နေသည့် လုံခြုံရေးကိစ္စရပ်တို့ပေါ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်လည်း စစ်ကောင်စီ၏ NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှလည်း သြဂုတ်လ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တို့ ဆွေးနွေးခဲ့သေးကြောင်း သိရသည်။

    လက်ရှိတွင် စစ်ကောင်စီ၏ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၄၉ ပါတီရှိသည့်အနက် တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံမည့်ပါတီ ၄၀ ပါတီကို နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုထားကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ လူဦးရေစာရင်းစတင်ကောက်ယူနေပြီး ဌာနဆိုင်ရာဝန်ထမ်းတို့ကိုလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး သင်တန်းပို့ချနေပြီးဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks