spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မြောက်ပိုင်းတွင် လျှပ်စစ်မီတာခနှုန်းထား ထပ်မံမြင့်တက်လာ

    ရေးမြို့နယ်မြောက်ပိုင်းတွင် လျှပ်စစ်မီတာခနှုန်းထား ထပ်မံမြင့်တက်လာ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းတွင် ယခု သြဂုတ်လမှ စတင်ပြီး လျှပ်စစ်မီတာခ နှုန်းထားများ စျေးထပ်မံမြင့်တက်လာသည်ဟု မီးသုံးစွဲသူ ဒေသခံတို့က ပြောသည်။

    စက်သုံးဆီ စျေးမြင့်တက်လာခြင်းနှင့် ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် လျှပ်စစ်မီတာခနှုန်း ထား တစ်ယူနစ်လျှင် ကျပ် ၂၀၀၀ ကနေ ကျပ် ၂၂၀၀ အထိ တိုးမြှင့်ကောက်ခံသွားရန် ရေးမြို့နယ် မြောက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့် SMD ကုမ္ပဏီက သြဂုတ်လ ၁၆ ရက် နေ့စွဲဖြင့် ကြေညာထားသည်။

    “ဒီလအတွက်က ၂၂၀၀ တက်သွားတယ်ပေါ့၊ သူတို့ကို အပြစ်ပြောလို့လည်း မရဘူး။ စက်သုံးဆီ အပေါ်မှာပဲ မူတည်ပြီး လိုက်တက်နေတာ ဆီပြတ်ပြီး သွားလာလို့လည်း မရဘူး။ ရွာတွေဘက်မှာ စာထုတ်ပြန်တာက တစ်ယူနစ် ၂၂၀၀ ကျပ် ကောက်မယ်ပေါ့ ဒီ ၈ လပိုင်းမှာ စကောက်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၃၀၀ နှင့် ၅၀၀ ကြားသာ ဝယ်ယူသုံးစွဲခဲ့ရပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း မီတာခနှုန်းထား ကျပ် ၂၀၀၀ ကျော်အထိ စျေးတက်သွားခြင်းဖြစ်သည်။

    “အခုလမ်းမီးတိုင်က ကျနော်တို့ရွာမှာ ၇၅ ရာခိုင်နှုန်း ပျက်နေတယ်။ လမ်းမီးပျက်နေလည်း တစ်အိမ်ကို ၅ ယူနစ်စာ လတိုင်း ပေးနေရတာပါပဲ။ မီးပျက်သွားရင်လည်း ပြင်ဖို့ သူတို့ကို ခေါ်ရ မယ်၊ ကုန်ကျစာရိတ်က ကျနော်တို့ပဲ ပေးရတယ်။ မီးတိုင်တစ်တိုင်ကို ပြင်ခ အနည်းဆုံး သုံးသောင်းကနေ အများဆုံး ရှစ်သောင်းထိ တောင်းတယ်” ဟုလည်း အထက်ပါ ဒေသခံက ဆက်ပြောပြသည်။

    မီတာခနှုန်းထားများ ဈေးမြင့်တက်လာသည့်အတွက် လျှပ်စစ်မီးဝယ်ယူသုံးစွဲသူ နည်းပါးလာပြီး ဆိုလာမီးကိုသာ ပိုမိုအသုံးပြုလာကြသည်ဟု ဒေသခံတို့က ဆိုသည်။

    မဟာဓါတ်အားလိုင်း မရောက်သည့် လက်ရှိရေးမြို့နယ်တွင် လျှပ်စစ်မီးဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကျေးရွာ ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် လုပ်ဆောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks