spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းDKBA အဖွဲ့ထံဘတ်ငွေ ၁ သာင်းနှင့်အထက်ပေးဆောင်ပြီး ကုန်ပစ္စည်းတင်သွင်းနိုင်

    DKBA အဖွဲ့ထံဘတ်ငွေ ၁ သာင်းနှင့်အထက်ပေးဆောင်ပြီး ကုန်ပစ္စည်းတင်သွင်းနိုင်

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်မှတစ်ဆင့် မော်လမြိုင်မြို့အတွင်းသို့ ထိုင်းကုန်ပစ္စည်း တင်သွင်းနိုင်ရန် ကုန်တင်ကားသမားများ ကရင်လက်နက်ကိုင်အဖွဲ့ DKBA တို့ထံ ဘတ်ငွေ ၁သောင်းနှင့်အထက် ပေးဆောင်နေရပြီး ယင်းတို့နှင့် ချိတ်ဆက်ထားသည့်ကုန်တင်ယာဥ်သမားတို့သာ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

    ဘုရားသုံးဆူ တစ်နိုင်တစ်ပိုင် နယ်စပ်ကုန်သွယ်ခွင့်လမ်းကြောင်း ယနေ့အထိ ပိတ်ထားဆဲဖြစ်ပြီး DKBA မှ တာဝန်ယူအခွန်ကောက်ခံလျှက်ရှိရာ စစ်ကောင်စီအဖွဲ့တို့နှင့် အချင်းချင်းညှိနှိုင်းမျှဝေမှုလုပ်ဆောင်ပြီး ၎င်းတို့လက်မှတ်ဖြင့် မော်လမြိုင်မြို့တွင်းအထိ ကုန်သွယ်မှုလုပ်ဆောင်နိင်သည်ဟု သိရသည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်မှတစ်ဆင့် မော်လမြိုင်မြို့အတွင်းသို့ ထိုင်းကုန်ပစ္စည်း တင်သွင်းနိုင်ရန် ကုန်တင်ကားသမားများ ကရင်လက်နက်ကိုင်အဖွဲ့ DKBA တို့ထံ ဘတ်ငွေ ၁သောင်းနှင့်အထက် ပေးဆောင်နေရပြီး ယင်းတို့နှင့် ချိတ်ဆက်ထားသည့်ကုန်တင်ယာဥ်သမားတို့သာ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်ဟု မော်လမြိုင်- ဘုရားသုံးဆူ ကုန်ပစ္စည်းတင်သွင်းနေသူတစ်ဦးက ပြောသည်။

    ကုန်တင်ကားသမားတို့ နယ်စပ်ဂိတ်ရှိ ကရင်လက်နက်ကိုင်အဖွဲ့ DKBA အဖွဲ့ထံ အခွန်ပေးဆောင်ရသည့်အပြင်၊ BGF ဂိတ်၊ ကျုံထော PDF ဂိတ်တွင်လည်း ဘတ်ငွေဖြင့်အခွန်ပေးဆောင်ရသည်ဟု ကုန်ကားသမားတို့ထံသိရသည်။

    ကုန်တင်ယာဉ်တို့ထံ အခွန်ထပ်တိုး ကောက်ခံသည့် ကိစ္စနှင့်ပတ်သတ်၍ IMNA မှ DKBA အဖွဲ့တို့ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။

    ၎င်းအပြင် ယခုရက်ပိုင်းအတွင်း မြန်မာအာဏာပိုင်ဘက်မှ ဘုရားသုံးဆူမြို့နှင့် ရှမ်းကုန်းလမ်းဂိတ်တွင် ခရီးသွားလာသူများ၊ ထိုင်းဘက်ခြမ်းတွင်ကျောင်းတက်နေသည့်ကလေးများနှင့် စက်ရုံအလုပ်သမားများအတွက်သွားလာရေးလွယ်ကူရန် ဖွင့်လှစ်ပေးထားသော်လည်း ပစ္စည်းတင်ဆောင်သည့် ကုန်ကားများက ငွေကြေးပေးဆောင်ပြီး တရားမဝင်လမ်းကြောင်းဖြင့်တင်သွင်းနေရဆဲဖြစ်သည်။

    သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တပ်ဘက်မှ ကြာအင်းဆိပ်ကြီးမြို့အဝင်အထွက်တွင် ထိုင်းပစ္စည်းတင်သွင်းမှု များပြားနေခြင်းကြောင့် အထက်အမိန့်အရစစ်ဆေးမှုလုပ်ဆောင်ပြီး လမ်းပိုင်း ယာယီပိတ်ဆို့မှု မကြာခဏလုပ်ဆောင်လေ့ရှိသည်ဟု မော်လမြိုင်- ဘုရားသုံးဆူ ကုန်ပစ္စည်း တင်သွင်းသူတို့ထံမှသိရသည်။

    "ကြာအင်းဆိပ်ကြီးလမ်းဘက်မှာတော့ (ရတခ) ကနေထိုင်းကုန်စည်ဝင်တာကို စစ်ဆေးလာရင် သူတို့ ပိတ်လိုက်ဖွင့်လိုက်ပဲ၊ DKBAဘက်တင်သွင်းတဲ့ဘီယာဆိုကျတော်တို့သွင်းလို့မရဘူး၊လူအတက်အဆင်းက ဒီမနက်တုန်းကသူတို့ဖွင့် ပေးတော့ အထည်စက်ရုံကနေအထည်နည်းနည်းပါးပါးတော့ ယူသွားလို့ရတယ် ” ဟု ကားသမားတို့ထံမှသိရသည်။

    သို့သော်လည်း မြဝတီ – မော်လမြိုင်လမ်းပိုင်းထက် ကုန်ကျစရိတ် အနည်းငယ်သက်သာသည့်အတွက် ဘုရားသုံးဆူဘက်တွင်ကုန်ပစ္စည်း တင်သွင်းမှုများပြားလာနေပြီး၊တစ်ရက်လျှင် ကုန်တင်ကား အစီး ၂၀ ဝန်းကျင်သွားလာနေသည်ဟုဆိုသည်။

    ပြီးခဲ့သည့်ဇွန်လ ၁၇ ရက်နေ့မှစပိတ်ထားသည့်နယ်စပ်ဂိတ်ကို ၁၅ ရက်ကျော်ကြာ လုံးဝပိတ်ထားခဲ့သည့်နောက် ဇူလိုင်လဆန်းပိုင်းမှစ၍ ညဘက်တွင်ကုန်တင်ယာဉ် ၁၂ ဘီးကားတို့ကို ဖြတ်သန်းသွားလာခွင့် ပြုလာကြောင်း သိရသည်။

    ဘုရားသုံးနယ်စပ်ဂိတ်ကို ထိုင်းအာဏာပိုင်းတို့မှ တရားဝင်သဘောအရမဟုတ်ဘဲနားလည်မှုယူကာ တစ်နိုင် တစ်ပိုင်တင်သွင်းနေသည့်ဂိတ်တစ်ခုဖြစ်ခြင်းကြောင့် ပိတ်ဆို့ကန့်သတ်မှုမကြာခဏလုပ်ဆောင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts