spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းမိုးမောက်မြို့ကို KIA အလုံးစုံသိမ်းပိုက်

    မိုးမောက်မြို့ကို KIA အလုံးစုံသိမ်းပိုက်

    -

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းက အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း KIA ထံမှ သိရသည်။

    မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၃၇ တပ်ကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး တစ်လနီးပါးအကြာတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

    မိုးမောက်မြို့ပေါ်ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဇွန်လကတည်းက KIA မှ သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ နောက်ဆုံးကျန်သည့်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

    KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ကျွန်တော်တို့ မိုးမောက်က ရဲစခန်းနဲ့ ကာကင်းတွေက ရတာကြာပါပြီ။ ဒီမြို့က ခမရ ၄၃၇ ပေါ့။ အဲ့တာကျန်နေတာပါ။ ဒါကိုလည်း ကျွန်တော်တို့ မနေ့ (ဩဂုတ် ၁၉) က ညနေပိုင်းမှာ သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီလို့ ကြားရပါတယ်။ တခြားသုံ့ပန်းတွေကတော့ သတင်းရရှိတာမရှိသေးပါဘူး” ဟု ပြောသည်။

    မိုးမောက်မြို့သည် ဗန်းမော်မြို့၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာတွင်တည်ရှိပြီး ဗန်းမော်၏ ခံစစ်မြို့ဟု တင်စားကြသည်။

    KIA မှ ယခုသိမ်းပိုက်လိုက်သည့် စခန်းသည် မိုးမောက်မြို့နှင့် ဗန်းမော်မြို့ကြားတွင်တည်ရှိပြီး ဗန်းမော်ကို စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်နိုင်သည့်လမ်းကြောင်းဖြစ်သည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ သံချပ်ကာကားအပါအဝင် လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    KIA က မိုးမောက်မှ တရုတ်နယ်စပ်ရှိ လွယ်ဂျယ်မြို့တလျောက်ရှိ စစ်ကောင်စီ အမြောက်တပ်များအပါအဝင် စခန်းပေါင်း ဆယ်ခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး အဆိုပါလမ်းပိုင်းကိုလည်း ထိန်းချုပ်ထားသည်။

    KIA ၏ ထိုးစစ် လေးလတာကာလအတွင်း ကချင်ပြည်နယ်မှ စစ်ကောင်စီစခန်းနှင့် ပြည်သူ့စစ်စခန်းများအပါအဝင် စခန်းပေါင်း ၁၁၀ ကျော်ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း KIA က အတည်ပြုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts