Homeသတင်းသီပေါမြို့တိုက်ပွဲအတွင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးမှုရှိ

သီပေါမြို့တိုက်ပွဲအတွင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးမှုရှိ

-

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် သီပေါမြို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှု ၁၀ ဦးထက်မနည်းရှိလာကြောင်း မြို့ခံများထံမှ သိရသည်။

သီပေါမြို့ပေါ်နှင့် အနီးတဝိုက်ရှိ စစ်ကောင်စီ အခြေချတပ်စခန်းများကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက် လေကြောင်းအသုံးပြုတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားသေဆုံးမှုများရှိလာခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“တိုက်ပွဲက မြို့ပေါ်မှာဆိုပေမယ့် သူက ရဲစခန်းတို့ အဲဒီလိုနေရာတွေမှာ ပိုဖြစ်တယ်။ နောက်ပိုင်းကျတော့ လေယာဉ်က နေ့တိုင်းလာပစ်တယ်။ အဲဒီမှာ လူတွေသေတော့တာပဲ” ဟု အထက်ပါ မြို့ခံက ပြောသည်။

သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၃ တိုက်ပွဲတွင် စစ်ကောင်စီမှ Y 12 လေယာဉ်အမျိုးအစားဖြင့် တစ်ရက်တည်း ဗုံး ၁၆ ကြိမ်လာရောက်ကြဲချခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိမှန်မှုများကြောင့် ၅ ရက်အတွင်း ဒေသခံ ၁၁ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် သီပေါမြို့ပေါ်၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံအချို့ ပိတ်မိနေသည်လည်း ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts