spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းကျပ်ငွေဆက်တိုက်ကျဆင်းနေခြင်းကြောင့် ထိုင်းကုန်ပစ္စည်းအရောင်းဆိုင်ကြီးတို့ ယာယီရပ်နား

    ကျပ်ငွေဆက်တိုက်ကျဆင်းနေခြင်းကြောင့် ထိုင်းကုန်ပစ္စည်းအရောင်းဆိုင်ကြီးတို့ ယာယီရပ်နား

    -

    ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ဆက်တိုက်ကျဆင်းနေပြီး အရောင်းအဝယ်ခက်ခဲလာခြင်းကြောင့် မွန်ပြည်နယ်ရှိ ထိုင်းကုန်ပစ္စည်းအရောင်းဆိုင်ကြီးအများစု အရောင်းရပ်နားထားသည်ဟု လူမှုကွန်စာမျက်နှာတို့တွင် ရေးသားထုတ်ပြန်ထားချက်အရ သိရသည်။

    ထိုင်းနိုင်ငံမှ အဓိကတင်သွင်းလာသည့် ယာဉ်အမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောာက်ကုန်နှင့် အလှကုန်ပစ္စည်းတို့ကို တင်သွင်းဝယ်ယူရာတွင် ငွေလဲလှယ်မှုမကိုက်ခြင်းနှင့် ငွေဈေးအပြောင်းအလဲကြောင့် ကုန်ပစ္စည်းများကို အချိန်နှင့်အမျှမြင့်တင်ရောင်းချနေရခြင်းတို့ကြောင့် ယာယီရပ်နားထားသည်ဟု သိရသည်။

    ဩဂုတ်လ ၁၃ ရက်နေ့ ယမန်နေ့က မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၅၀၀ အထိ ကျဆင်းခဲ့ရာ သိန်း ၁၀၀ တန်ဖိုးရှိသည့် ဆိုင်ကယ်တစ်စီးသည် သိန်း ၁၂၀ ကျော်အထိ ဈေးမြှင့်တင်ရောင်းချရသည့်အခြေအနေတို့ရှိခဲ့ပြီး လက်ရှိတွင် အရောင်းရပ်နားထားရသည်ဟု မော်လမြိုင်မြို့ပေါ်မှ ဆိုင်ကယ်ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

    “အရောင်းအဝယ်ကတော့ လက်ရှိယာယီပဲပိတ်တာ။ ရေရှည်တော့မဟုတ်ဘူး။ ငွေဈေးအနေအထားနည်းနည်းပါးပါးကောင်းလာရင် ပြန်ဖွင့်မယ်။ ဒီနေ့ဆိုရင်လည်း ငွေဈေးနည်းနည်းလေးပြန်ကောင်းလာပြီး။ ချင့်ချိန်ပြီးရောင်းမယ်ပေါ့။ အရောင်းပိတ်တယ်ဆိုတာက မြန်မာငွေနဲ့ဝယ်ရင် အရောင်းပိတ်တယ်။ တစ်ချို့က ထိုင်းဘတ်နဲ့ဝယ်တာရှိတယ်။ ဘတ်နဲ့လာဝယ်ရင်တော့ ဘတ်ဈေးအတိုင်းရိုက်ပြီး ရောင်းပေးလိုက်တာလည်းရှိတယ်။ မြန်မာငွေနဲ့ကျတော့ ဈေးကပြောမထွက်တော့လို့ ဈေးအရမ်းများလို့လေ။ အဲ့ကြောင့်” ဟု သူက ဆိုသည်။

    ငွေဈေးမတည်ငြိမ်မှုကြောင့် ဆိုင်ကယ်အရောင်းအဝယ်ပိတ်ထားသော်လည်း ငွေဈေးအခြေအနေပေါ်မူတည်ပြီး အရောင်းအဝယ် ပြန်လည်လုပ်ဆောင်သွားမည်ဟုလည်း ဆက်ပြောသည်။

    အလားတူ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းနေမှုကြောင့် ထိုင်းဘတ်ငွေဖြင့် ကုန်ပစ္စည်းဝယ်ယူတင်သွင်းနေရသည့် မုဒုံမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကြီး တို့လည်း ယာယီအရောင်းရပ်နားထားသည်ဟု ဆိုင်တွင် ဝယ်ယူအားပေးနေသူတို့မှ သိရသည်။

    “လိုချင်တဲ့အမျိုးအစားကို ရှာဝယ်လို့မရဘူး။ ဈေးတွေက နေ့တိုင်းနေ့တိုင်းတက်နေတော့လေ တစ်ချို့ကဈေးတွေလိုက်မမှီတော့ မြို့ပေါ်ကဆိုင်အများစု ပိတ်လိုက်တယ်။ မြန်မာငွေကကျကျနေတော့ လိုက်မမှီတော့တဲ့အဆုံး ခဏနားလိုက်တယ်ပေါ့။ အိမ်ဆောက်ပစ္စည်းဆိုင်တွေက အရောင်းနား လိုက်တာများတယ်။ ဈေးတစ်နေ့တစ်နေ့မတူနေတော့ သူတို့စိုက်ရတာများတယ်လေ။ ပစ္စည်းတစ်ခုခုဝယ်ရင် သူတို့တွေဈေးမဖြတ်ရဲဘူး အဲ့လိုဖြစ်နေတာ” ဟု မုဒုံမြို့မှ စတီးသံဗန်းလုပ်ကိုင်နေ သည့် အမျိုးသားတစ်ဦးက ဆိုသည်။

    ထို့ပြင် အိမ်ဆောက်ပစ္စည်းအရောင်းအများစု ယာယီအရောင်းရပ်နားထားခြင်းကြောင့် လိုအပ်သည့်ပစ္စည်းများ ရှာဝယ်ရခက်ခဲသည့်အပြင် ဈေးကြီးပေးဝယ်နေယူနေရခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတို့ အရှုံးနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းလည်ပတ်နိုင်ရုံမျှသာ လုပ်ကိုင်နေရသည်ဟု ဆက်ပြောသည်။

    ငွေဈေးမတည်မှုအခြေအနေများကြောင့် ဆိုင်ကယ်အရောင်းအဝယ်ဆိုင်နှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်အပြင် ပြည်တွင်းရှိ ရွှေဆိုင်အများစုတွင်လည်း အခေါက်ရွှေရောင်းဝယ်မှု ရပ်နားထားပြီး အထည်ဆိုင်လုပ်ငန်း၊ အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းတို့လည်း အရောင်းအဝယ်ရပ်နားထားရသည်ဟု သိရသည်။

    ယနေ့သြဂုတ် ၁၄ ရက်နေ့ ညနေပိုင်းတွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၆၀၀ ဘတ်သို့ ပြန်လည် မြင့်တက်လာပြီး ယမန်နေ့တွင် ဘတ် ၅၀၀ အောက်သို့ရောက်ရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts