spot_img
Wednesday, February 5, 2025
More
    spot_img
    Homeသတင်းဖုန်းလိုင်းဖြတ်တောက်ခံရခြင်းကြောင့် ရေးမြို့နယ်အတွင်း တစ်ရွာနှင့်တစ်ရွာ အဆက်အသွယ်ပြတ်တောက်

    ဖုန်းလိုင်းဖြတ်တောက်ခံရခြင်းကြောင့် ရေးမြို့နယ်အတွင်း တစ်ရွာနှင့်တစ်ရွာ အဆက်အသွယ်ပြတ်တောက်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဇူလိုင်လမှစ၍ ဖုန်းလိုင်းနှင့် အင်တာနက် မကြာခဏဖြတ်တောက်ခံနေရခြင်းကြောင့် တစ်ရွာနှင့်တစ်ရွာ အဆက်အသွယ်ပြတ်တောက်လျှက်ရှိသည်ဟု သိရသည်။

    ရေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်းရှိ ကျေးရွာအချို့တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားသည့်အကြိမ်တိုင်း ဖုန်းလိုင်းဖြတ်တောက်ခံနေရပြီး တစ်ကြိမ်ဖြတ်တောက်ခံရလျှင် ၅ ရက်ထိ ကြာမြင့်သည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

    တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေကို အွန်လိုင်းပေါ်တွင် ထုတ်ဖော်ရေးသားခြင်းမပြုစေလိုခြင်းကြောင့် ဆက်သွယ်ရေးအော်ပရေတာအားလုံးကို ဖြတ်တောက်ထားသည်ဟု ခေါဇာမြို့ခံတစ်ဦးက ဆိုသည်။

    “အစကတော့ ကျမတို့ဘက်မှာဆို MPT, Mytel, Telenor လိုင်းဖုန်းတွေ ရတယ်။ နောက်တော့ MPT တစ်ခုပဲ ကျန်တယ်။ အခုဆို MPT တောင်မရတော့ဘူး။ ဘယ်ဖုန်းလိုင်းမှ မရတော့ဘူး။ ဟိုရွာနှင့် ဒီဘက်ရွာလဲ အဆက်သွယ်မရတော့ဘူး” ဟု ကျူံကညာရွာသူ တစ်ဦးမှ သိရသည်။

    ရေးမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားနေသည့်အခြေအနေနှင့် အရေးပေါ်ကျန်းမာရေးအခြေအနေတို့တွင် ဖုန်းလိုင်းပြတ်တောက်မှုကြောင့် ဆက်သွယ်မရသည့်အခက်ခဲနှင့် ရင်ဆိုင်နေရသည်ဟု ဆက်ပြောသည်။

    ဖုန်းလိုင်းဖြတ်တောက်ခံရသည့် အခြေအနေတို့ကြောင့် ရေးမြို့နယ်အတွင်းရှိ မိသားစုတို့နှင့် အဆက်သွယ်ပြတ်တောက်နေသည်ဟု ရပ်ဝေးတွင်နေထိုင်သည့် ရေးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “အရင် မေလ လောက်မှာတော့ အဆက်အသွယ်ယူရတာ အဆင်ပြေတယ်၊ ရွာမှာရှိနေတဲ့သူတွေနဲ့လဲ ဖုန်း ခဏခဏပြောဖြစ်တယ်။ ဇွန်လလောက်ကပေါ့၊ ရွာက ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေမရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ်မရတော့ဘူး။ အခုဆို အမေနဲ့ ဖုန်းမပြောရတာ နှစ်လလောက်ရှိနေပြီး။ ဘာအကြောင်းမှ မကြားရတော့ စိတ်ပူနေတယ်” ဟု မကျီးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

    လက်ရှိသြဂုတ်လဆန်း ၅ ရက်တာအတွင်း ရေးမြို့နယ် နှင်းစုံရွာနှင့် နှစ်ကရင်ရွာတို့တွင် အင်အားဖြည့်တင်းထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နှင်းစုံရွာတွင် နေအိမ် ၄ လုံး ပျက်စီးခဲ့ရသည်ဟု သိရသည်၊

    တိုက်ပွဲဖြစ်ပွားသည့်ရွာတို့တွင် ဖုန်းလိုင်းဖြတ်တောက်ထားသည့်အပြင် တစ်ရွာနှင့်တစ်ရွာ ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားသည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇွန်လအတွင်း ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာရှိ မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်မြို့အပေါအဝင် မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

    စစ်ရေးအရ အရေးနိမ့်မှု ဖြစ်ပေါ်နေသည့် စစ်ကောင်စီသည် သတင်းမှန်ကို ဖုံးကွယ်ထားရန်နှင့် ယင်းတို့၏ကျရှုံးမှုများကို ဖုံးကွယ်ထားနိုင်ရန် ပဋိပက္ခဖြစ်ပွားရာဒေသတို့တွင် ပြီးခဲ့သည့်မေလမှ ဇူလိုင်လ ၃ လတာအတွင်း အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လာသည်ဟု မြန်မာအင်တာနက်ပရောဂျက်အဖွဲ့မှ အစီရင်ခံစာအချက်အလက်တို့အရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts