spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းဆရာ၊ ဆရာမများ ရပ်တည်ရေး ပိုပြီးခက်ခဲလာ

    မွန်အမျိုးသားကျောင်းဆရာ၊ ဆရာမများ ရပ်တည်ရေး ပိုပြီးခက်ခဲလာ

    -

    မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးကော်မတီအောက်ရှိ မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမများ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်မြင့်တက်လာသည့် ကုန်‌စျေးနှုန်းကြောင့် ရပ်တည်ရန် ပိုပြီးခက်ခဲလာသည်ဟု သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်မြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် လစာတစ်သိန်းကျော်ကျော်သာရရှိနေသည့် မွန်ကျောင်းဆရာ၊ ဆရာမများအတွက် ပိုပြီးခက်ခဲလာစေသည်ဟု ဆရာ၊ ဆရာမတို့က ပြောသည်။

    မွန်အမျိုးသားပညာရေးကော်မတီအောက်ရှိ မွန်ကျောင်းဆရာ၊ ဆရာမများသည် တစ်ဦးလျှင် အခြေခံလစာအနေဖြင့် တစ်လ ကျပ် ၉၅၀၀၀ ကျပ်သာ ရရှိနေခဲ့ရာမှ ယခုနှစ်တွင် ကျပ်တစ်သိန်းခြောက်သောင်း တိုးမြှင့်ပေးခဲ့သည်ဟု သိရသည်။

    “လစာနည်းတဲ့အတွက် အခုဖြစ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ သုံးစွဲရတာ မလုံလောက်တဲ့အနေအထား ဖြစ်နေကြတာပေါ့။ အခုက စားသောက်ကုန်တွေကအကုန်ဈေးကြီးနေတာလေ။ ရနေတဲ့လစာကလည်း နည်းနေတယ်။ ရှေ့ရေးအတွက်လည်း စဉ်းစားရသေးတယ်။ ရတဲ့ဝင်ငွေက စုဖို့ မပြောနဲ့၊ စားဖို့တောင် မလုံလောက်ဘူး” ဟု မွန်ကျောင်းဆရာတစ်ဦးက ပြောသည်။

    စစ်တပ်အာဏာမသိမ်းခင်က ရသည့်လစာနှင့် မျှတအောင်သုံးစွဲနိုင်ခဲ့သည့်အနေအထားရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် သုံးဆ/လေးဆခန့် မြင့်တက်လာသည့် အထွေထွေကုန်စျေးနှုန်းကြောင့် မလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

    ယင်းအခြေအနေကြောင့် ဝါသနာအရ လစာအနည်းငယ်သာ ရရှိနေသည့် ကျောင်းဆရာဘဝကို စွန့်လွှတ်ပြီး အခြားဝင်ကောင်းသည့်အလုပ် ပြောင်းလုပ်တာ၊ ပြည်ပထွက် အလုပ်လုပ်လာကြသူ များလာသည်ဟု ဆိုသည်။

    “ရတဲ့ဝင်ငွေနဲ့ မလုံလောက်လာတဲ့အတွက် ကျောင်းဆရာအလုပ်ကနေ နာလိုက်ပြီးတော့ ထိုင်းဘက်ကို သွားလုပ်စားကြရတယ်ပေါ့။ တချို့က အိမ်ရဲ့ စားဝတ်နေရေးပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အနေအထား မရှိတဲ့အတွက်ပေါ့” ဟု အထက်ပါ ကျောင်းဆရာက ပြောသည်။

    စားဝတ်နေရေးကြောင့် အလုပ်ပြောင်း၊ အလုပ်နားသူများလာသည့်အတွက် လက်ရှိတွင် မွန်အမျိုးသားကျောင်းများတွင် ကျောင်းဆရာ မလုံလောက်မှုနှင့် အတွေ့အကြုံရှိ ဆရာ၊ ဆရာမ လိုအပ်ချက် ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

    “ထွက်သွားတဲ့လူများတယ်။ ကျွန်မတို့နယ်မှာဆို ဆရာ၊ ဆရာမတောင်မလောက်ဘူး။ ဆရာ၊ ဆရာမ မရှိတော့တဲ့ကျောင်းလဲရှိတယ်။ ကျောင်းပါပိတ်လိုက်ရတာလဲရှိတယ်” ဟု ရေဖြူမြို့နယ်ရှိ မွန်ကျောင်းဆရာမတစ်ဦးက ပြောသည်။

    မွန်အမျိုးသားပညာရေးကျောၚ်းများသည် အလှူရှၚ်များ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေရပြီး ဆရာ၊ ဆရာမများအတွက် လစာကိုလည်း မွန်လူမှုအဖွဲ့အစည်း၊ မွန်သံဃာတော်နှင့် အလှူရှင်တို့၏ ကူညီထောက်ပံ့မှုအပေါ် မှီခိုနေရသည်ဟု သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီအောက်တွင် မွန်အမျိုးသားကျောင်းပေါင်း ၁၄၈ ကျောင်းရှိပြီး စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမဦးရေး ၈၀၀ ကျော်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks