Homeသတင်းဖမ်းဆီးခံမောင်မယ်ရှောင်ရွာသားများ အဆက်အသွယ်ပြတ်နေ

ဖမ်းဆီးခံမောင်မယ်ရှောင်ရွာသားများ အဆက်အသွယ်ပြတ်နေ

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ဒေသခံအချို့ကို ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျေးရွာအတွင်း ဝင်ရောက်လာပြီးတပ်စွဲနေထိုင်ခဲ့ကာ ဒေသခံ ၄ ဦးထက်မနည်းကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

“ရုတ်တရက်လိုမျိုး ဝင်လာတာ စစ်ကြောင်းက သူတို့က ရွာထဲမှာအထိုင်ချလိုက်တာ။ အမျိုးသားတွေ ဖမ်းခံထားရတာရှိတယ်။ အဲဒီလူတွေ အခုထိ မလွတ်သေးဘူးဗျ။ သူတို့ သေလား၊ ရှင်လားတောင် မသိရတဲ့အခြေအနေဖြစ်နေတယ်” ဟု ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

ဝင်ရောက်တပ်စွဲနေသောစစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာ တောင်ဘက်ပိုင်းရှိ ဇဟာရွာအခြေစိုက် အမြောက်တပ်ရင်း ၃၀၂ မှ စစ်ကောင်စီများဖြစ်ကြောင်း သိရသည်။

အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ရွာထဲတပ်စွဲထားစဉ် ဒေသခံနေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီက အရပ်သားအချို့ ပစ်ခတ်ခံခဲ့ရမှုရှိသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် မောင်မင်ရှောင်ရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်းလည်း လက်နက်ငယ်ပစ်သံများ ကြားနေရသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

မောင်မယ်ရှောင်ရွာထဲကို စစ်ကောင်စီတပ် မကြာခဏဆိုသလို စစ်ကြောင်းထိုးမှုများရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်လေ့ရှိသော ကျေးရွာဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts