spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစစ်ခေါင်းဆောင်က အရှက်အကြောက်ကင်းမဲ့စွာနှင့် သမ္မတအိပ်မက်ကို ပုံဖော်ဟုဆို

    စစ်ခေါင်းဆောင်က အရှက်အကြောက်ကင်းမဲ့စွာနှင့် သမ္မတအိပ်မက်ကို ပုံဖော်ဟုဆို

    -

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါဝင်သည့် မိမိကိုယ်ကိုယ် သမ္မတခန့်အပ်မှုမှာ အရှက်အကြောက်ကင်းမဲ့ပြီး သမ္မတအိပ်မက်ကို ပုံဖော်လိုက်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတို့က ဆိုသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက ယာယီသမ္မတ ဦးမြင့်ဆွေသည် ခွဲစိတ်ကုသမှု အချို့ကို ပြုလုပ်ခဲ့ရပြီး အာရုံကြော အားနည်းရောဂါကို ဆက်လက် ခံစားနေရသဖြင့် ဆေးခွင့်ယူ၍ နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

    ယခင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း လုပ်ဆောင်နေသယောင် ပုံဖော်ခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

    “သမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ကိစ္စ သတင်းကို အကြိမ်ကြိမ်ထုတ်ပြန် ပြောဆိုနေကတည်းကိုက အပြောင်းအလဲတစ်ခုတော့ ဖြစ်တော့မယ်လို့ မျှော်လင့်ပြီးသားပါ၊ အခုက ဒုသမ္မတ ဦးမြင့်ဆွေကို ကာ/လုံကို ဦးစီးခိုင်းတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ထဲမှာ လုပ်ဆောင်နေတဲ့ ပုံစံမျိုး သူက ပုံဖော်နေရာကနေပြီးတော့ အခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ မပါတဲ့ ကိုယ့်ဟာကိုယ် သမ္မတအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာတာဟာ စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ အရှက်အကြောက်ကင်းမဲ့စွာ သူ့ရဲ့ သမ္မတရူးအိပ်မက်ကို အကောင်အထည်ဖောက်လိုက်တာဖြစ်တယ်လို့ ကျနော်တို့က ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိ ဆေးခွင့်ယူထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် တာဝန်များ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ယာယီသမ္မတတာဝန်ကို စစ်ကောင်စီ ဥက္ကဋ္ဌထံသို့ ဇူလိုင် ၂၂ ရက်က လွှဲပြောင်းအပ်နှံခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    စစ်ကောင်စီဥက္ကဋ္ဌက ယာယီသမ္မတရာထူးရယူမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၃ ရက်က ထုတ်ပြန် ပြောကြားသည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာအသိပေး ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာမှုနဲ့ ဒီနှစ်ခုကို ဆက်စပ်ပြီး ပေါင်းရွက်ကြည့်မယ်ဆိုရင် အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ ကာလမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမှု ကျန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုး မြှင့် သတ်မှတ်ခဲ့သည်မှာ လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

    လာမည့် ဇူလိုင် ၃၁ ရက်နေ့မှာ ကာ/လုံအစည်းအဝေးကို ဦးဆောင်ကာ သမ္မတအနေဖြင့် မိမိကိုယ်ကိုယ် မိမိ ခန့်အပ်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။

    “ဇူလိုင်လ ၃၁ ရက်နေ့မှာ ကာ/လုံအစည်းအဝေး ကျင်းပဖို့အတွက် စီစဉ်ပြင်ဆင်ထားမှုတွေ အခုဟာက ကြိုတင်ပြီးတော့ ပြည်သူလူထုကို အသိပေးလိုက်တာပါ၊ ဒုသမ္မတမြင့်ဆွေကို မခေါ်တော့ဘဲနဲ့ သူကိုယ်တိုင်ပဲ ကာ/လုံအစည်းအဝေးကို ဦးဆောင်ပြီးတော့ သမ္မတအနေနဲ့ ကိုယ့်ဟာကိုယ်ခန့်ပြီးတော့ လုပ်ဆောင် သွားတော့မယ်ဆိုတဲ့ သဘောကို ပြောင်ပြောင်တင်းတင်းနဲ့ ကြေညာသွားတာဖြစ်တယ်လို့ ကျနော်တို့ သဘောပေါက်ပါတယ်” ဟု ၎င်းက ပြောသည်။

    အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့သည်မှာ ယခုဆိုလျှင် ၃ နှစ်ကျော်လာပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks