spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းတနင်္သာရီစစ်ဘေးရှောင်တို့ ၃ နှစ်ကြာသည်အထိ ကာကွယ်ဆေးထိုးနှံခွင့်မရရှိနေ

    တနင်္သာရီစစ်ဘေးရှောင်တို့ ၃ နှစ်ကြာသည်အထိ ကာကွယ်ဆေးထိုးနှံခွင့်မရရှိနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၃ ဇူလိုင် ၂၀၂၄။

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီမြို့နယ် စစ်ရှောင်စခန်းတို့တွင် ၃ နှစ်ကြာသည်အထိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းကလေးငယ်တို့ ကာကွယ်ဆေးထိုးနှံခွင့် မရနေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်နေသူတို့ထံမှသိရသည်။

    စစ်အာဏာသိမ်းပြီးနောက် တနသာၤရီစစ်ရှောင်စခန်းတို့တွင် ဆေးဝါးတင်သွင်းခွင့်ကန့်သတ်ထားပြီး စစ်ရှောင်စခန်းမှ ၂ မိုင်းခန့်ဝေးသည့် တနသာၤရီမြို့ပေါ်တို့တွင် ကာကွယ်ဆေးရရှိနိုင်သော်လည်း ဒေသခံများက လုံခြုံရေးအခြေအနေကြောင့် သွားရောက်ထိုးနှံနိုင်ခြင်းမရှိပေ။

    ထို့ကြောင့် ၃ နှစ်တာကာလအတွင်း မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အတွက် မေးခိုင်ကာကွယ်ဆေး DTP တစ်မျိုးသာထိုးပေးနိုင်သည်ဟု နွေဦးမေတ္တာစစ်ရှောင်ကျန်းမာရေးစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။

    “ပဋိပက္ခစစ်ဖြစ်ကတည်းကပေါ့ကျမတို့ဘက်မှာတိုက်နယ်ဆေးရုံးရှိပေမဲ့ဆေးကမရဘူး၊ သူတို့နေရာသွားထိုး လို့ရတယ်။ ဒါမဲ့စစ်သားတွေကရှိတော့ အမတို့ဘက်ကလူတွေမသွားရဲကြဘူး၊ ကျမတို့ဘက်က သုံးနှစ်လုံး တစ်ခါမှမထိုးရတဲ့ကလေးတွေတော်တော်များတယ်၊ မွေးကင်းစတွေနဲ့ကိုယ်ဝန်ဆောင်တွေကို မေးခိုင်ကာကွယ်ဆေး (DTP) ပဲပေးနိုင်တယ်။ ကျမတို့မွေးပေးထားတဲ့ကလေးတွေဆို မွေးစာရင်းတောင်မရှိကြဘူး"ဟု ၎င်းကပြော သည်။

    ပုံမှန်အားဖြင့် မွေးကင်းစကလေးမှ တစ်နှစ်ခွဲအရွယ်အတွင်းရှိ ကလေးငယ်များသည် ကာကွယ်ဆေး ၁၂ မျိုးကို ထိုးနှံထားရမည်ဖြစ်ပြီး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတစ်မျိုး ထပ်တိုးထားသည့်အတွက် စုစုပေါင်း ကာကွယ်ဆေး ၁၃ မျိုးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်အရ သိရသည်။

    လက်ရှိကာကွယ်ဆေးလုံးဝထိုးနှံခွင့်မရှိသည့် အခြေအနေတို့ကြောင့် ကလေးငယ်အများစု ဝက်သက်နှင့်
    အသည်းရောင် အသားဝါရောဂါဖြစ်ပွားနိုင်ပြီး၊ ရောဂါခုခံနိုင်သည့်အပိုင်းတွင် အခက်ကြုံလာနေသည်ဟု စစ်ရှောင်ကျန်းမာရေး စောင့်ရှောက်နေသူတစ်ဦးကပြောသည်။

    “တစ်နှစ်လောက်ပဲကြာတုန်းက ကိုယ်ဝန်ဆောင်တွေသိပ်မများသေးဘူး အခုနောက်ပိုင်းကလေးတွေ
    တော်တော် များလာတယ်။ ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်တဲ့အားဆေးတွေဘာမှမပေးနိုင်ဘူး၊ ကလေးတွေရောမိခင်ရော ၄၀ ကျော်လောက်ရှိတယ် ”ဟု အဆိုပါစစ်ရှောင်နေရာတွင် ကူညီဆောင်ရွက်နေသည့် တွဲလက်ညီညီစစ်ရှောင်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံကပြောသည်။

    အဆိုပါ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတို့တွင် အိမ်ခြေစုစုပေါင်း ၃၀၀ ခန့်ရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်တို့ အများစုပါဝင်နေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု အာဟာရဖြည့်စွက်မှုတို့ အလုံအလောက် မဆောင်ရွက်ပေးနိုင်ကြောင်း စစ်ဘေးရှောင် ကူညီနေသူတို့က ဆိုသည်။

    ကာကွယ်ဆေးအပြင် အခြားဆေးဝါးနှင့် စားနပ်ရိက္ခာတို့ရရှိရန် အဆင့်ဆင့်ဆက်သွယ်မှာယူနေရပြီး ယခုလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါဖြစ်ပွားမှုစစ်ကောင်စီမှ ကန့်သတ် ပိတ်ပင်မှုကြောင့် ဆေးဝါးမလုံလောက်မှုနှင့်ရင်ဆိုင်နေရသည်ဟု သိရသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီဌာနမှ စာရင်းများအရ စစ်တပ်အာဏာသိမ်းထားသည့်ကာလမှစ၍ စစ်ရေးပဋိပက္ခပြင်းထန်ဒေသတို့တွင် မွေးကင်းစမှ အသက် ၅ နှစ်အထိ ကလေးငယ် သုံးသန်း နီးပါး ကာကွယ်ဆေးထိုးခွင့်ဆုံးရှုံးနေရကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts